💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-64(Extra-3)
ပန်းစည်းပြစ်ပြီးတော့ အသိမိတ်ဆွေလူငယ်တစ်ချို့နဲ့အတူ ညပါတီပါ ဆက်ပေးရသည်ကြောင့် သူတို့ရဲ့မင်္ဂလာအိမ်ကိုပြန်လာတော့ညရှစ်နာရီခွဲနေပြီဖြစ်လေသည်။
ခမ်းက သူမပင်ပန်းနေပြီဖြစ်တာကြောင့်ထိုဂါဝန်ကြီးကိုခန်းမကတည်းကလှဲခိုင်းပေမယ့်လီလီကလက်မခံပဲသူမရဲ့ဂါဝန်ကြီးကိုအခုထိမချွတ်သေးကာကားပေါ်မှာထိုင်နေသည်က သူမခန္ဓာကိုယ်လေးပင်မြှုပ်နေသလိုရှိနေသည်။ခမ်းဟာ ကားမောင်းနေရင်းနဲ့မှသူမကိုကြည့်မိတော့ နတ်သမီးလှလှလေးဟာအခုနကရိုက်ထားသည့် ဖုန်းထဲကပုံတွေကိုတစ်ပုံပြီးတစ်ပုံကြည့်ကာသဘောကျနေသည်မလို့သူပါလိုက်ပြုံးနေမိရသည်။
ဒီကောင်မလေးဟာဒီနေ့ဒီအချိန်မှာတော့ သူ့ရဲ့အပိုင်ဖြစ်လာခဲ့ရပြီ....ဒီလိုအပိုင်ရဖို့ကို နှစ်ပေါင်းမနည်းဘူးစောင့်လာခဲ့ရတာ....
"ကို"
"ဗျာ"
"ဒီမှာကြည့် ဒီပုံလေးလှတယ်မလား"
သူ့ရှေ့ကိုသူမနဲ့သူ့ရဲ့ခန်းမထဲတုန်းကပုံလေးပြလာတော့သေချာကြည့်လိုက်ကာ
"မင်းသဘောကျတယ်မလား"
"အွန်း သဘောကျတယ်"
"အဲ့ဆိုလှပြီးသား"
"ဟီး wallpaperတင်မလို့မေးတာ...အဲ့ဆိုဒါလေးတင်လိုက်မယ်နော်"
"အွန်း ကိုယ့်သည်းငယ်လေးသဘော"
ခမ်းကထိုသို့ပြောလိုက်တော့လီလီဟာ ထိုပုံလေးကိုချက်ချင်းပဲwallpaperထားလိုက်လေသည်။ပြီးနောက်ခမ်းကိုကြည့်လိုက်ကာ ဆင်တူလေးထားမည်ဆိုပြီး ခမ်းရဲ့ဖုန်းပါတောင်းယူလိုက်သည်။
"ကို့ ဖုန်းကောပေး"
ခမ်းဆီကခွင့်ပြုချက်တောင်မစောင့်တော့ပဲ ခမ်းအိတ်ကပ်ထဲကနေဖုန်းကိုနိုက်ယူလိုက်ကာ ဖုန်းလေးကိုဖွင့်လိုက်လေသည်။
"အယ်....."
Wallpaperမှာနေရာယူနေသည်က ကို ဘယ်အချိန်ကသူမကိုရိုက်ယူထားသည့်ပုံလေးမှန်းမသိ ပန်းစည်းလေးကိုကြည့်ပြီးပြုံးနေသည့် သူမပုံလေးဖြစ်နေတာမလို့ လီလီဟာ ကျေနပ်စွာပြုံးရင်....

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024