Part-8 Uni/Zawgyi

10.1K 273 5
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-8

သုံးနာရီကျောင်းဆင်းတာနဲ့အိမ်ပြန်အဝတ်စားလှဲပြီးကျူရှင်သွားဖို့အတွက်ခွန်ခမ်းတို့ခြံဘက်သို့ကူးလာခဲ့သည်။သူမအလာကိုသူတို့အိမ်ရှေ့ကအုတ်လှေကားထစ်မှာထိုင်ကာစောင့်နေသည့်ခွန်ခမ်းဟာ မျက်နှာကြီးသုန်မှုန်နေကာ အခြေအနေမဟန်မှန်းလီလီသိလိုက်သည်။သူတို့အိမ်ပြဿနာတစ်ခုခုဖြစ်ထားပြန်ပြီထင်ပါတယ်....

"ခွန်ခမ်း ငါရောက်ပြီ"

လီလီပြောလိုက်သည်နှင့်ခွန်ခမ်းဟာ မော့ကြည့်လာပြီးခေါင်းညိမ့်ပြကာ သူ့လွယ်အိတ်ကိုကောက်လွယ်သည်။ရှေ့မှာရပ်ထားသည့်ဆိုင်ကယ်ပေါ်တက်လိုက်ပြီးသော့ဖွင့်နေတော့ ခွန်ခမ်းလက်က ပတ်တီးကိုတွေ့လိုက်ရသည်ကြောင့် သက်ပြင်းတစ်ချက်ချလိုက်ပြီးခွန်ခမ်းကိုတွန်းဖယ်ကာဆိုင်ကယ်လက်ကိုင်တစ်ဖက်ကိုကိုင်ပြီးခွန်ခမ်းအရှေ့မှာဝင်ခွဖို့ပြင်သည်။

"ဟ ဘာလုပ်တာလည်း"

"နင့်လက် နာနေတယ်မလား...ဆိုင်ကယ်ငါမောင်းမယ်နင်နောက်ကတက်"

"ဘာရယ်"

"မဘာရယ်နဲ့ တိုးအနောက်ကို"

ပြောပြောဆိုဆိုပဲဝင်ခွပြစ်လိုက်တော့ခွန်ခမ်းဟာ သူ့ခြေထောက် နှစ်ဖက်ကိုမြေကြီးပေါ်ထောက်လိုက်ပြီး အနောက်သို့တိုးလိုက်ရသည်။

"ရော့ ငါ့ ကျောပိုးအိတ်ကိုင်ပေး"

လက်နှစ်ဖတ်ကိုကျောပိုးအိတ်ကနေချွတ်လိုက်ပြီး ခွန်ခမ်းကိုသတိပေးကာ ဆိုင်ကယ်ကို မောင်းထွက်လာခဲ့သည်။လေတိုက်တိုင်းဝဲနေသည့် ပုခုံးလယ်ကသူမဆံပင်တွေဟာ ခွန်ခမ်းမျက်နှာပေါ်မှာပျံဝဲနေပြီး shampooနံ့သင်းသင်းဟာ သူ့နှာသီးဖျားမှာ လာကျီစယ်နေသည်။တစ်လမ်းလုံးအသံတိတ်နေသည်ကြောင့် ရင်တွေခုန်လာခဲ့သည့် ခွန်ခမ်းရဲ့နှလုံးခုန်သံဟာ ကြားရမလားတောင်အောက်မေ့ရသည်။

မိန်းကလေးတစ်ယောက်နောက်ကနေ ဆိုင်ကယ်လိုက်စီးဖူးသည်ကလည်း ပထမဦးဆုံးဆိုတော့ စိတ်ထဲနဲနဲ ရှက်တတ်တတ်လည်းဖြစ်ရသည်.....

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now