Part-17 Uni/Zawgyi

11.9K 305 14
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-17

ခွန်ခမ်းတို့ခြံပြင်မှာ သူမဆိုင်ကယ်ကြီးကိုရပ်ပြီး ဆိုင်ကယ်သော့လေးကိုဝေ့ရမ်းကာခြံထဲသို့ဝင်လာခဲ့သည်။မမနန်းအယ်မှူးကပန်းပင်လေးတွေကိုရေလောင်းနေတာနဲ့တွေ့သည်ကြောင့်မမှူးဆီသွားလိုက်ပြီး ခွန်ခမ်းရှိသလားမေးလိုက်သည်။

"မမှူးရေ ခမ်းရှိလား"

"အော် လီလီလေးပဲ....အင်းအထဲမှာရှိတယ်...အပြင်သွားကြမလို့လား"

"ဟီး ဟုတ်မမ...သမီးအပြင်သွားမလို့ အဲ့ဒါခွန်ခမ်းကိုလိုက်ကူခိုင်းမလို့ ဟီး"

ပါးချိုင့်လေးပေါ်သည်အထိမမှူးကိုရယ်ပြလိုက်ပြီးပြောတော့ မမှူးက အေးချမ်းစွာပြန်ရယ်ပြလာသည်။

"အပေါ်မှာလားမမှူး သမီးသွားခေါ်လိုက်မယ်"

"အင်း ဟုတ်တယ်...အပေါ်မှာမနက်စာ စားပြီးကတည်းကဆင်းမလာသေးဘူး"

"ဟုတ်ကဲ့ အဲ့ဆိုသမီးသွားခေါ်လိုက်မယ်နော်"

"အင်း အင်း"

မမှူးကိုနှုတ်ဆတ်ပြီးခွန်ခမ်းရဲ့ အခန်းရှိရာအပေါ်ထပ်သို့ ဧည့်ခန်းကနေဟိန်းကနဲတွေ့ရသည့်ကျွန်းလှေကားကြီးကနေပြေးတက်လာခဲ့သည်။

"ဂျောက်"

တံခါးခေါက်သံမကြားပဲတံခါးဖွင့်သံဂျောက်ကနဲကြောင့် Laptopဆီအာရုံရောက်နေရာမှာ အခန်းပေါက်သို့လှမ်းကြည့်လိုက်သည်။

"Hi"

တံခါးကိုအကုန်မဖွင့်ပဲခေါင်းလေးပဲပြူကြည့်ကာလက်လေးရမ်းပြပြီး အထဲသို့ဝင်လာသည့် သူမကိုတွေ့လိုက်ရတော့ ဘာကိစ္စလည်းဆိုသည့်ပုံနှင့်မျက်ခုံးပင့်ပြလိုက်သည်။

"ဟီး အပြင်သွားမလို့ လိုက်ကူ"

ခွန်ခမ်းဖွင့်ထားသည့်Laptopကိုကုန်းကြည့်လိုက်ပြီးပြောတော့ သူမမျက်နှာဟာ သူ့မျက်နှာဘေးသို့အနီးကပ်ရောက်လာခဲ့သည်။သူမဆံနွယ်တွေကရနေသည့် shampooနံ့ဟာခွန်ခမ်းရဲ့နှာခေါင်းမှတစ်ဆင့် သွေးကြောတွေထဲထိစိမ့်ဝင်သွားသလားအောက်မေ့ရသည်အထိ...

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now