💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-66(Extra-5)
"သည်းငယ်....မင်းကိုယ့်ကိုစကားပြောဖို့...ကိုယ်ဘာဖြစ်နေလည်းမေးဖို့ကောအစီအစဉ်ရှိသေးလား"
"ဟင်"
ကိုဟာတစ်လမ်းလုံးဘာစကားမှမပြောပါပဲနဲ့ရုတ်တရက်ကြီးထိုသို့ထမေးလိုက်တော့ဟန်းနီမွန်းထွက်တဲ့နေ့ကြရင်ပုဂံမှာလည်ဖို့နေရာတွေကိုဖုန်းထဲကနေရှာနေရင်းမှလီလီဟာ ကို့ စကားကြောင့်နှုတ်ခမ်းလေးထော်ပြီး ခမ်းကိုကြည့်ကာ ခမ်းရဲ့စကားကိုနားမလည်သလိုလေးလုပ်လာသည်။
"ကိုယ့် ကိုစကားပြောဖို့ကော အစီအစဉ်ရှိရဲ့လားလို့"
"ဟမ်.....အင်း ရှိပါတယ်....ဘာလို့လည်း"
"ကိုယ် ဘာဖြစ်နေလည်းကောမင်းမသိဘူးလား"
သူကသာတစ်ယောက်ထဲစိတ်တွေကောက်နေတာ ဘာတစ်ခွန်းမှမေးမလာသည့်ကောင်မလေးကြောင့် ဒေါသကပိစိလေးထွက်လာရပြီး အမေးခံချင်သည့်သူကသာထုတ်ပြောလိုက်ရသည်။
"ကိုက ဘာဖြစ်နေလို့လည်း....မှန်းစမ်းနေမကောင်းဘူးလား"
ကားမောင်းနေသည့်ခမ်းရဲ့နဖူးကိုသူမလက်လေးနဲ့လှမ်းစမ်းလိုက်တာမလို့ခမ်းဟာငြိမ်ခံနေလိုက်သည်။
"ကိုယ်လည်းမပူပါဘူး"
"ကျစ်....ကိုယ်နေကောင်းတယ်"
"ဟင်းးးးးအဲ့ဆိုကို ကဘာဖြစ်နေတာလည်း"
အခုထိဘာမှနားမလည်ပဲ သူပြောမှသာသိတော့မည့်ကောင်မလေးကြောင့် လေပူတွေကိုမှုတ်ထုတ်လိုက်ကာထုတ်မေးလိုက်ရသည်။
"ဟူးးးးးးအခုနက ကိုယ်လာကြိုတော့ဆေးရုံရှေ့မှာမင်းနဲ့စကားပြောနေတာဘယ်သူလည်း"
ထိုတော့မှလီလီဟာမျက်လုံးလေးထောင့်ကပ်ပြီးသဝန်တိုနေသည့်ကို့ ကိုသဘောပေါက်သွားရကာပါးစောင်းကိုသွားလေးနဲ့ဖိကိုက်လိုက်ပြီး ခပ်ရေးရေးလေးပြုံးလိုက်ကာ
"ဟီး အဲ့ဒါ သည်းငယ်တို့နဲ့ဆေးကျောင်းတက်တုန်းကသူငယ်ချင်းလေ....သူကဒီမှာတာဝန်ကြတာ....အဲ့ဒါအခုမှပြန်တွေ့တော့ စကားပြောနေကြတာ"

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024