Part-54 Uni/Zawgyi

8.3K 287 18
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-54

ကံကြမ္မာကဖန်တီးလိုက်တဲ့  စစ်မှန်တဲ့ချစ်ခြင်းတွေဟာထပ်တူကြလာတဲ့တစ်နေ့ကြရင် လူတိုင်းဟာပေါင်းဖက်ကြရသည်ပါပဲ....အခုဆိုကိုကြီးနဲ့မမှူးဟာလည်း အချစ်တွေထပ်တူကျပြီး မင်္ဂလာဆောင်ပြီးလို့ ဟန်နီးမွန်းတောင်ထွက်သွားကြပေပြီ....

အခုလည်း ကိုကြီးဟာမမှူးနဲ့အတူကမ်းခြေမှာရိုက်ထားသည့်ပုံတွေကိုcaptionအမျိုးနဲ့ကြူးပြီးတင်ထာသည့်ပုံတွေဟာ wallထဲမှာမမြင်ချင်လည်းမြင်နေရသည်။တစ်နေ့ကိုတစ်မျိုးမရိုးနိုင်အောင်တင်နေသည်ကpreweddingရိုက်ပြီးကတည်းကဖြစ်သည်။လီလီဟာထိုပုံတွေကိုတစ်ပုံခြင်းဆီလိုက်ကြည့်ပြီးပါးစပ်ကနေရွတ်လိုက်မိသည်။

"ကြည့်စမ်း ပုံတွေတင်ထားပြန်ပြီ....အဲ့ ကိုကြီးတအားဂုဏ်ဆာနေတာပဲ....နေ့တိုင်းကိုတင်နေတော့တာ"

"အဲ့ဆို ကိုယ်တို့အလှည့်ကြရင် တစ်နာရီတစ်ပုံတင်မယ်....မဟုတ်သေးဘူးနာရီဝက်ကိုတစ်ပုံတင်ရမယ်"

သူမကပုံတွေကြည့်ပြီးအကြူးလွန် နေသည့်ကိုကြီးကိုအမြင်ကပ်စွာပြောတော့ သူမဘေးမှာထိုင်ကာ အလုပ်လုပ်နေသည့် ခမ်းဟာလည်းရိုက်ပေါက် ထပြောလာခဲ့သည်ကြောင့် လီလီမှာ ကိုယ့်နဖူးကိုယ်သာပြန်ရိုက်မိလေသည်။

"တစ်မိနစ်ခြားတစ်ခါသာတင်လိုက်ပါတော့လားကိုရယ်"

"အဲ့လိုဆိုပိုကောင်းတယ်"

"အယ် ဟယ် ရွဲ့ပြောနေတာ....ရွဲ့ပြောနေတာ....တကယ်နော် လိုက်လည်းလိုက်တဲ့ယောက်ဖနှစ်ယောက်"

သူမကရွဲ့ ပြောလိုက်သည့်စကားကို ခမ်းကအတည်ပြန်ဆိုလာတော့မျက်နှာလေးရှုံ့မဲ့စွာ လီလီသာလက်မြောက်အရှုံးပေးရသည်အထိပေ....

"ကိုယ့် သည်းငယ်လေးကကော ကိုယ်တို့မင်္ဂလာဆောင်ရင် ဘယ်လိုတွေလုပ်မယ်ဆိုပြီးစိတ်ကူးထားဘူးလား"

"စိတ်ကူးဖူးတာပေါ့‌ကိုရဲ့....မင်္ဂလာ ဆောင်ဆိုတာမိန်းကလေးတွေရဲ့အိပ်မက်ထဲကအခန်းနားဆုံးဖြစ်ချင်တဲ့အိပ်မက်ပဲဟာကို.....သည်းငယ်မှာလည်းအိပ်မက်တွေရှိတာပေါ့"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now