💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-7
"အယ် ကောင်စုတ် ငါစားနေတာကြီးကို"
မမှူးထည့်ပေးလိုက်သည့် တို့ဟူးကြော်ကို ကစားကျောင်းဆင်းတော့မှ မိုးမြင့်မိုရ်နဲ့အတူဆက်စားဖြစ်သည်။ကျောင်းတက်ခါနီးတော့ ဘောလုံးကန်လာသည့် ခွန်ခမ်းဟာ ချွေးတွေရွှဲနေပြီးအခန်းထဲဝင်လာကာ ခုံပေါ်တင်ထားသည့်လီလီ့ရဲ့ရေဘူးကိုယူသောက်သည်။လက်ထဲမှာတစ်ဝက်သာကျန်တော့သည့် တို့ဟူးကြော်ကိုမစားဖြစ်သေးပဲ မိုးနဲ့စကားပြောနေတော့ ခွန်ခမ်းဟာ သူမလက်ကိုကိုင်ပြီး ထိုကျန်တစ်ပိုင်းကိုသူ့ပါးစပ်ထဲထည့်ပြစ်လိုက်သည်။
လီလီနဲ့သူဟာတော့ အမြဲစားနေကြမလို့ဘာမှမဖြစ်ပေမယ့် ဘေးက မိုးမြင့်မိုရ်နဲ့ခွန်ခမ်းသူငယ်ချင်းတွေကတော့အချင်းချင်းမျက်စပြစ်ကာ အမူယာနဲ့စနောက်နေကြသည်။
သူမစားနေတာကိုယူစားပြစ်လိုက်သည့်ခွန်ခမ်းကိုမျက်မှောင်ကုတ်၍ နှုတ်ခမ်းစူပြီးကြည့်ကာ
"ဟင့် ကုန်ပြီ ငါ့လက်ကျန်လေးကိုစားပြစ်တယ်"
သူမရဲ့ခေါင်းကိုဖွပြစ်လိုက်ပြီးပါးကိုခပ်ဖွဖွဆွဲလိုက်ကာ...
"နေ့လည်ကြရင် မုန့်ပြန်ဝယ်ကျွေးမယ်"
"တကယ်နော်"
"အတည်ဗျာ"
"မဝယ်ကျွေးကြည့်ပါးချမှာ"
"ပါးတောင်ကျိန်းတယ်ဟာ ပြောတာကြီးကလည်း"
"ဟွန့်"
လီလီ့ခုံရှေ့ဝင်ထိုင်နေသည်ကြောင့် ရေစိုနေသည့်ခွန်ခမ်းရဲ့ဆံပင်တွေကြားထဲသူမလက်ချောင်းတွေကိုထိုးထည့်ကာပွတ်ခါလိုက်ပြီး
"ရေတွေလောင်းလာတာလား နင်"
"အင်း ဟုတ်တယ် ချွေးတအားရွှဲသွားလို့ရေလောင်းလိုက်တာ"
"အဲ့လောက်နေပူကြီးထဲကစားလာပြီးတော့ အပူတွေရှပ်ကုန်လိမ့်မယ်.....ဒီတစ်ခါဖျားကြည့် အပ်ကြီးကြီးနဲ့ကိုဆေးထိုးခိုင်းမှာ"
"အဟက်"
"အဟမ်း အဟမ်း"
မိုးမြင့်မိုရ်ကချောင်းဟန့်လိုက်မှ နှစ်ယောက်သားအကြည်စိုက်စကားဆိုနေရာမှမျက်နှာပိုးသပ်လိုက်ကြကာ လီလီက မိုးရဲ့လက်ကိုတံတောင်နဲ့တွက်ကာ မျက်စောင်းထိုးသလို ခွန်ခမ်းကလည်းသူ့အတန်းသူသွားဝင်ထိုင်လေသည်။
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024