💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-6
"ကိုကြီး သမီးလည်းလိုက်မယ်"
"ဟာ ဟေ့ ဟေ့ အရှုပ်ထုပ်မ...ငါအလုပ်နဲ့သွားမှာ"
"မရဘူးလိုက်မှာပဲ"
လီလီဟာ ပြောပြောဆိုဆိုပဲ ရှေ့ခန်းတံခါးကိုဖွင့်ကာဝင်ထိုင်ပြီးသား....စွမ်းပြည့်နောင်မှာတားချိန်တောင်မရလိုက်ပေ.....ကျောင်းပြီးတာနဲ့ ဖေဖေကသူ့ အတွက်ဆိုင်ကယ်showroomမှာရှယ်ယာဝင်ပေးထားသည့်ရှယ်ယာတွေကိုထုတ်ရောင်းလိုက်ပြီး ကိုယ်ပိုင်လုပ်ဖို့အတွက်ရင်းနှီးလိုက်သည်။သူစုထားတဲ့ငွေနဲ့ဆိုင်ခန်းလေးတစ်ခန်းတွေ့ထားလို့သွားကြည့်မလို့ဟာဒီအရှုပ်ထုပ်မက လိုက်အုံးမည်။အိမ်ရှေ့ကိုထွက်လာသည့်မေမေ့ကိုတွေ့သည်နှင့် ကိုကြီးဟာ လာခေါ်ဖို့အော်တော့သည်။
"ဟာ မေမေ...မေမေ့သမီးကိုလာခေါ်ဗျာ အလုပ်ရှိပါတယ်ဆို"
"သား ဆိုင်ခန်းသွားကြည့်မှာမလား....ခေါ်သွားလိုက်စမ်းပါ.....မေမေလည်းနားငြီးလွန်းလို့"
"ကျစ် မေမေကလည်း"
"ကြားတယ်နော် ကိုကြီး မောင်းတော့....လီလီကလည်း ကိုယ့်အကိုဖွင့်မယ့်ဆိုင်ခန်းလေးကိုလိုက်ကြည့်ပေးမလို့ပါ"
"နင် ဟိုရောက်ရင်မကမြင်းနဲ့နော်....ငြိမ်ငြိမ်နေ"
"ကဲပါသားရယ်....တစ်ခုခုဖြစ်ရင် အဲ့ကလေးမကိုမေမေကိုယ်တိုင်ရိုက်ပေးမယ်...ဟုတ်ပြီလား"
"ဟွန့် မေမေတို့ကတော့ပြောတာပဲ...ပြီးရင်သူ့သမီးကိုလက်ဖျားနဲ့တောင်ထိတာမဟုတ်ပဲနဲ့"
"ဟီး မောင်းပါကိုကြီးရယ်....သမီးငြိမ်ငြိမ်နေမှာပါဆို"
စွမ်းပြည့်နောင်ရဲ့ပါးကိုဖိဆွဲတော့ စွမ်းပြည့်နောင်မှာသူမလက်ကိုပုတ်ထုတ်ရသည်။
"နာတယ် စပ်စလူးမရဲ့"
"ဟီး ချစ်လို့ ချစ်လို့"
စွမ်းပြည့်နောင်လည်းဘာမှမပြောတော့ပဲကားကိုမောင်းထွက်လာခဲ့သည်။ကားပေါ်ရောက်တော့လည်းသူ့ဖုန်းကိုယူကြည့်နေပြန်သည့် လီလီ့ကိုခေါင်းရမ်းရင်းသာကြည့်နေမိပြန်သည်။ဒီဟာလေးဟာလေ သူတို့ သိပ်ချစ်မှန်းသိတော့သူတို့ အပေါ်ကိုဆို သိပ်ကိုဆိုးသွမ်းတာပဲ...
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024