💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-10
"လီလီ"
"အင်း ခမ်း"
ဒီမနက်တော့ မမမှူးကဩဝါဒချွေလိုက်သည် ကြောင့်လီလီ့ကိုလာခေါ်ဖြစ်သည်။သူ့စိတ်အတိုင်းသာဆိုရင် ဒီကောင်မလေးကိုတစ်ပတ်လောက်ပြစ်ထားလိုက်ချင်သည်။သူနဲ့တွဲရမှာသူမကြောက်တယ်တဲ့....သူနဲ့ချစ်သူတွေပါလို့ထင်ခံရမှာသူမကြောက်တယ်တဲ့....သူ့စိတ်ကိုသူမတကယ်ပဲမသိတာလား...မသိချင်ယောင်ပဲဆောင်နေတာလား....
ဘာမှမသိသည့်သူမဟာ ဟိုကလေးမနဲ့တွဲခိုင်းတော့ရွဲ့ချင်သည့်စိတ်နဲ့ သူမစိတ်တိုင်းကျဖြစ်အောင်လုပ်ပေးပြစ်မိသည်။အခုတွဲနေတဲ့ ကောင်မလေးအတွက်တော့ မကောင်းတာသိပေမယ့် ဒီဘွားတော်သူငယ်ကိုသာအပြစ်ပေးချင်သည်။
"လာလေ ကျောင်းနောက်ကျတော့မယ်...အဲ့အတိုင်းပဲရပ်နေတော့မလို့လား"
"အမ် မဟုတ်...လာပြီ"
ခွန်ခမ်းလာမခေါ်လောက်ဘူးဆိုတာကိုသိပေမယ့် လာများခေါ်မလားလို့မျှော်လင့်မိတဲ့စိတ်ကြောင့် ကြောင်လေးနဲ့ကစားကာ ခနစောင့်နေလိုက်သည်က သူမကံကောင်းသွားသလား....တကယ်ပဲ ခွန်ခမ်းရောက်လာခဲ့သည်။မယုံနိုင်ဖွယ်ရပ်ကြည့်နေမိတော့ ခွန်ခမ်းက ထပ်ခေါ်လိုက်သည်ကြောင့် နှုတ်ခမ်းလေးကိုမသိမသာစူပုတ်ပြီးခွန်ခမ်းနဲ့အတူ ကျောင်းသို့ထွက်လာခဲ့ကြသည်။
"ညနေလည်းလာခေါ်မယ်...မနေ့ကလိုမသွားနှင့်နဲ့"
"ဟမ် မနေ့ကလာခေါ်သေးတာလား"
"ဟုတ်တယ်...ကျောင်းကအပြန် ကေသွယ်ထက်ကို သူ့အိမ်ကလာမကြိုသေးလို့စောင့်ကူနေတာ နည်းနည်းနောက်ကျမှအိမ်ပြန်ရောက်တာ...နင့်ကိုလာခေါ် တော့နင်ကသွားခဲ့ပြီဆိုလို့"
"အာ ဟုတ်လား"
ဟုတ်လားဆိုသည့်အသံရဲ့နောက်ကွယ်မှာ ဝမ်းနည်းသံခပ်ဝဲဝဲအသံဟာတုန်ရင်ကာထွက်လာခဲ့ပေမယ့် သူမကိုယ့်ဘာ့သာကိုယ်ပြန်ထိန်းကာ ခွန်ခမ်းကို ပါးချိုင့်လေးပေါ်သည်အထိပြုံးပြလိုက်ပြီး
"နင်အဲ့ကောင်မလေးကိုတော့ အတော်ချစ်ပုံပဲ...အရင်ရည်းစားတွေနဲ့ကိုမတူတာ"

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024