Part-3 Uni/Zawgyi

12.2K 326 11
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-3

ဒီနေ့မနက်ပိုင်းကအတော်လေးအေးသည်။နှင်းမှုန်မြူတွေကမနက် 8:00နာရီထိုးနေသည်အထိမကွဲသေးပေ...စာကျက်ဖို့လည်းရှိနေသည်ကြောင့်စောစောထဖြစ်ခဲ့ပြီးအခုက8:00နာရီထိုးပြီဖြစ်တာကြောင့် ထမင်းစားပြီးသည်နှင့်ကျောင်းသွားဖို့အတွက်ပြင်ဆင်ရသည်။

အောက်ကနေ ရိုးရိုးစနိုးကိုမျက်နှာအနံ့ပွတ်လိုက်သည်။ဖြူဥဥသူမမျက်နှာလေးက ထိုစနိုးတင်လိုက်သည်နှင့် မျက်နှာလေးကချောမွတ်သွားခဲ့သည်။သနပ်ခါးအရည်ကျဲကိုအမြန်သွေးလိုက်ပြီး ပါးကွက်နှစ်ဖက်ကိုတင်လိုက်ကာ တပွတ်တံနဲ့မချစ်တော့ပဲဒီအတိုင်းအထူလိုက်လေးထားလိုက်သည်။သနပ်ခါးပါးကွက်လေးမခြောက်ခင်ဆောင်းအအေးဓာတ်နဲ့ အသားခြောက်နေသည့်နေရာတွေကို သလဲသီးလိုးရှင်းကိုလိမ်းလိုက်သည်။

"ဒီဆောင်းမြန်မြန်ကုန်မှာအေးမှာပါ...မဟုတ်ရင် လိုးရှင်းဖိုးနဲ့မွဲတော့မယ်"

"ဟုတ်ပါ့ ပိုက်ဆံတွေကညည်းရှာနေတာဆိုတော့"

အနောက်ကနေမေမေ့အသံကြားလိုက်တော့ သွားလေးဖြီးနေအောင်ရယ်ပြပြီး

"ဟီး မေမေကလည်း သမီးကဖေဖေ့အစားပြောပေးတာပါ"

မေမေက မျက်စောင်းနဲ့ကြည့်ပြီး မြန်မြန်ဝတ်အင်္ကျီ...အဲ့အဖြူတစ်ထည်ထဲနဲ့နေနေတာကြာနေပြီ...နှာစေးချောင်းဆိုးလာရင် ဆေးမတိုက်ဘူး"

မေမေက ထိုသို့ဆိုပြီးလီလီ့ ကုတင်ပေါ်ဝင်ထိုင်သည်။

"ဒီမှာ ပိုက်ဆံ....1000ကမုန့်ဖိုး 1500ကကျောင်းကကောက်တဲ့ စာရွက်စာတန်းကြေး..."

မေမေကလီလီကျောပိုးအိတ်ထဲပိုက်ဆံထည့်ပေးနေသည်ကိုကြည့်ရင်းအင်္ကျီဖြူပေါ်ကနေ လည်ကပ်ဆွယ်တာအနက်လေးကိုထပ်ဝတ်သည်။ပြီးနောက်မှာတော့ ဟူဒီအမွှေးပွအင်္ကျီကိုအပေါ်ကထပ်ဝတ်လိုက်ပြီးမနေ့က ခွန်ခမ်းအမ မမမှူးလက်ဆောင်ပေးလိုက်သည့် လိမ္မော်ရောင်ချည်ထိုးတစ်ပတ်လေးကိုလည်တိုင်ထက်မှာပတ်လိုက်သည်။

"ဟဲ မေမေ မီး လှလား"

သူမပုံကိုမှန်ထဲမှာသဘောတကျကြည့်ရင်း ဒေါ်လီလီမာကိုမေးလာတော့ ဒေါ်လီလီမာဟာနှုတ်ခမ်းကိုရွဲ့လိုက်ပြီး

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now