Part-5 Uni/Zawgyi

10.9K 289 2
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-5

"သွား ရှင်အခုထွက်သွား....ကျမဆီကိုဘယ်တော့မှပြန်မလာခဲ့နဲ့"

မနက်စောစောမဲ့ရဲ့ငိုကြွေးသံဟာ အပေါ်ထပ်မှာဂိမ်းထိုင်ဆော့နေရင်းမှကြားလိုက်ရတော့ ခွန်ခမ်းရဲ့ခေါင်းဟာ မီးတောက်တစ်ခုလိုပူထူသွားရသည်။အဖေဖြစ်သူကိုလည်းစိတ်ပျက်ရသည်ကြောင့် ကျစ်သပ်၍လက်နှစ်ဖက်နဲ့မျက်နှာကိုပွတ်သပ်လိုက်ပြီး ဆံပင်တွေကိုထိုးဖွလိုက်ကာ လက်ထဲကဖုန်းကိုလည်းပြစ်ပေါက်ပြစ်လိုက်သည်။နံရံနဲ့ထိသွားသည့်ဖုန်းဟာ နံရံကိုရိုက်ခတ်ပြီးကြမ်းပြစ်ပေါ်သို့ပြန်ကျလာသည့်အချိန်မှာ ဖုန်းမှန်ဟာ ကွဲအက်ကျေညက်နေလေပြီဖြစ်သည်။

တစ်လနေမှ တစ်ပတ်တောင် ကောင်းကောင်းအိမ်ပြန်မလာခဲ့ဖူးသည့် ပေါ(အဖေ)ဟာ ပြန်လာပြီဆိုလည်း မဲ့ကိုငိုရအောင်အမြဲလုပ်သည်....နွေးထွေးမှုတွေမပေးတာဟာသူ ...မဲ့အပေါ်အမြဲအနိုင်ကျင့်တာလည်းသူ ဒါလည်းသူမှန်နေတုန်း.....သားသမီးတွေကို ငွေပုံပေါ်မှာထားနိုင်သည်ကို သူကသိပ်ကိုတာဝန်ကျေနေပြီပေါ့...အဲ့ပိုက်ဆံတွေဘာလုပ်ရမှာလည်း....မေတ္တာမရှိရင် အဲ့ပိုက်ဆံတွေကကော ပျော်နေနိုင်ပါ့မလား.....

မဲ့ရဲ့ငိုကြွေးသံဟာ သူ့ရင်ကိုပူလာစေသည်ကြောင့်အောက်ထပ်သို့ဆင်းလာခဲ့သည်။ပုတီးကိုင်ကာ ပုဝါခြုံထည်ကိုပတ်ထားသည့် နှိုင်း(အဘွား)ကိုလှေကား ရင်းမှာတွေ့လိုက်တော့ခွန်ခမ်းရဲ့ခြေလှမ်းတွေဟာ ရပ်တန့်သွားရသည်။နှိုင်းဟာလည်းခွန်ခမ်းကိုမြင်သည်နှင့် မျက်နှာကိုလွှဲလိုက်ကာ မျက်မှန်အောက်ကနေမျက်ရည်စတွေကိုတစ်ပတ်ကြီးနဲ့ခပ်ဖွဖွသုတ်လိုက်ပြီး ခွန်ခမ်းကိုပြုံးပြလာကာ

"မြေးဘယ်သွားမလို့လည်း"

"နှိုင်းဒီအချိန်မှာ နှိုင်းရဲ့အာဏာတွေဘယ်ရောက်ကုန်ပြီလည်း"

စိတ်ပျက်သည့်ပုံစံနဲ့မေးလိုက်တော့ နှိုင်းဟာ မျက်နှာမကောင်းတော့ပဲ...

"နှိုင်း ပြောတော့ကော မြေးအဖေက နားထောင်မှာမလို့လား"

ဒေါ်နန်းမိမိယဉ်ဟာ သူမရဲ့တစ်ဦးတည်းသောသားဖြစ်သည့် ခွန်ခမ်းရဲ့အဖေ ဦးစဝ်ခမ်းရှိန်ကိုတစ်ဦးတည်းသောသားဆိုပြီးအလိုလိုက်ခဲ့ရာမှ အခုလိုဆိုးသွမ်းနေရသည်။သားဖြစ်သူဟာ ပွေရှုပ်လွန်းလှသည်မလို့ မျိုးရိုးမတူတာနဲ့ ရသွားမည်ဆိုးတာကြောင့် မျိုးရိုးတူဒေါ်နန်းမိုမွှေးနဲ့ပေးစားပြစ်ခဲ့သည်။သို့ပေမယ့်လည်း လိမ္မာမလာသည့်သူမသားဟာ ကလေးတွေအရွယ်ရောက်လာသည်အထိ ဆိုးသွမ်းတုန်း....မိဘစကားနားထောင်ခဲ့သည့် ချွေးမဖြစ်သူကိုသာ သူမသိပ်အားနာရသည်။ဒါကြောင့်လည်း ခွန်ခမ်းတို့အပေါ်ကိုသူမသားလိုဖြစ်မည်ဆိုးတာကြောင့် စည်းကမ်းတွေအာဏာတွေပေးခဲ့ခြင်းဖြစ်သည်။ဒါကို ခွန်ခမ်းကလည်း မောက်မာရလွန်းသည့် နှိုင်းကိုကြည်နေမည်တော့မဟုတ်ပါ....

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now