Part-63(Extra-2) Uni/Zawgyi

7.5K 262 28
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-63(Extra-2)

"ဝီ ကျွီ"

အိမ်ရှေ့ကိုကားထိုးရပ်လိုက်သည့်အသံကြားလိုက်တာမလို့ ဧည့်ခန်းကနေခမ်းအလာကို ထိုင်မျှော်နေသည့်ဒေါ်နန်းမိုမွှေးဟာ ချက်ချင်းပဲ အပြင်သို့ ထထွက်လာခဲ့သည်။

"သားငယ်.....မဲ့သားလေး"

ခမ်းကို မြင်လိုက်သည်နှင့် မျက်လုံးအိမ်မှာ မျက်ရည်တွေဟာ ဝိုင်းလဲ့လာ ပေမယ့်အားတင်းပြုံးကာကားပေါ်ကနေဆင်းလာသည့် ခမ်းရဲ့လက်ကို ပြေးတွဲလိုက်ကာ ခမ်းရဲ့ပါးကို ကိုင်လိုက်ပြီး

"မဲ့သားလေးကို မဲ့ကမျှော်နေတာသားရဲ့"

ဒေါ်နန်းမိုမွှေးကသာစကားပြောနေပေမယ့် ခမ်းဟာ အွန်းသာလုပ်ပြီး သူမေးချင်တာကိုမေးလိုက်သည်။

"ပေါကောရောက်ပြီလား"

"အွန်း ရောက်ပြီ သားရဲ့ပေါလည်း အထဲမှာရှိတယ်"

"အဲ့ဆို အထဲဝင်မယ်လေကျတော်ပြောစရာရှိတယ်"

"အွန်း အွန်း သားငယ်"

ဒေါ်နန်းမိုမွှေးဟာ သူ့လက်ကိုတွဲထားသည်ဟာ မလွှတ်သည်ကြောင့် ဒီအတိုင်းသာအိမ်ထဲဝင်လာခဲ့လိုက်သည်။ခမ်းကသူအိမ်ကိုလာမယ်ဆိုပြီး အကုန်လုံးကိုဖုန်းဆက်ထားတာမလို့ဧည့်ခန်းထဲမှာ ပေါနဲ့မမှူးကိုပါတွေ့လိုက်ရသည်။

"သား"

ဦးစဝ်ခမ်းရှိန်ကလည်းခမ်းကိုမြင်တော့ ထိုင်နေရာမှထလိုက်ကာခမ်းကိုသေချာကြည့်နေမိသည်။

"အေးဆေးထိုင်နေပါ"

ထိုသို့ပြောပြီး ခမ်းက သူတို့ရှေ့က စတီခုံမှာ ထိုင်လိုက်လေသည်။ပြီးနောက်ပေါနဲ့မဲ့ကိုခပ်တန်းတန်းပဲကြည့်လိုက်ကာ

"ကျတော်ပြောချင်တာက ကျတော့်ကို မိန်းမလိုက်တောင်းပေးဖို့..."

"ဟင်"

"ဟေ"

ပြတ်သားလှသည့်ခမ်းရဲ့စကားကြောင့်ဦးစဝ်ခမ်းရှိန်ကောဒေါ်နန်းမိုမွှေးပါ အံ့ဩသလိုကြည့်လာပြီး ဒေါ်နန်းမိုမွှေးဟာ စကားတွေပါ ထစ် စွာ ပြန်မေးလာသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now