💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-41
"ဟိုမှာ ငရှိုင်းလာပြီ"
ဇော်ရှိုင်းခန့်ဟာဂျင်းဘောင်းဘီရှေ့အိတ်ကပ်ထဲကိုလက်နှစ်ဖက်ထည့်ထားပြီး စိတ်ပျက်နေသည့်ပုံကြီးနဲ့ဝင်လာသည်ကို လီလီဟာတွေ့လိုက်သည်မလို့လက်ညိုးထိုးကာဆိုလိုက်သည်။ဇော်ရှိုင်းခန့်ဟာ ဘယ်သူ့မှစကားမပြောသေးပဲသူ့နေရာသူဝင်ထိုင်ကာခွက်ထဲကျန်နေသည့်ဘီယာတစ်ဝက်လုံးကိုတစ်ကျိုက်ထဲမော့သောက်ပြစ်လိုက်လေသည်။
"ဟ ဖြေးဖြေးသောက်ပါကွ....ဘီယာနင်ပြီးသေတဲ့မသာဖြစ်နေမယ်"
မြင့်မြတ်ဟိန်းကဇော်ရှိုင်းခန့်ရဲ့ကျောကိုပုတ်ကာဆိုတော့ ဇော်ရှိုင်းခန့်ဟာ အချေအတင်ဘာမှမဆိုလာပဲ ဘီယာတွေထပ်ငှဲ့ထည့်နေသည်။
"ဘာဖြစ်လာတာလည်း ငါ့အကို....နင့်ကြည့်ရတာ စိတ်မချမ်းသာနေသလိုပဲ"
ဇော်ရှိုင်းခန့်ရဲ့မျက်နှာရိပ်ကိုကြည့်ကာမိုးမြင့်မိုရ်ကဘဝင်မကျနေသည်ကိုရိပ်မိသည်ကြောင့်ထိုသို့မေးလာတော့ဇော်ရှိုင်းခန့်ဟာသက်ပြင်းသာချလာလေသည်။
"အွန်း....အခုနကကော နင်အပြင်ထွက်ပြီးဘာသွားလုပ်တာတုန်း"
လီလီကပါ ပဲပြားကြော် တစ်ခုလုံးကိုတူနဲ့ညှပ်ယူကာသူမပါးစပ်ထဲထိုးသွပ်လိုက်ပြီးပလုတ်သံနဲ့မေးလာတော့မှ ငရှိုင်းဆီကအသံထွက်လာခဲ့သည်။
"ငါ နေ့လည်ကနင်တို့ကိုလာကြိုတော့ ကားဂိတ်မှာကောင်မလေးတစ်ယောက်ကိုတွေ့လိုက်တယ်ကွာ....အဲ့ဒါအခုပြန်တွေ့ပြန်တော့လိုက်ရှာတာမတွေ့တော့ဘူး"
"ဒီဆိုင်မှာပြန်တွေ့တာလား"
"အွန်း ဟုတ်တယ် အခုနလေးတင်တွေ့လိုက်တာ"
"အော် အာ့ကြောင့်စိတ်ပျက်နေတဲ့ပုံဖြစ်နေတာကို....ကောင်မလေးကလှလား"
"ဟ ရှယ်ကြီးဟ....သေလောက်အောက်လှတာ....ငါ့ရင်ဘက်ထဲကဆို တဒုတ်ဒုတ်နဲ့အခုထိမပျောက်သေးဘူး"
"အဟဲ အချစ်ကလေးကို ရှာတွေ့သည်ဆိုပါတော့"
"ရှာတွေ့ပေမယ့် အခုတော့ဘယ်ကလာလို့ဘယ်ပြန်ပြီမှန်းမသိဘူး"
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024