Part-9 Uni/Zawgyi

9.5K 267 30
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-9

"သားငယ် နေအုံး"

မနက်စာ စား ဖို့အတွက်အိမ်ပေါ်ကနေဆင်းလာပြီး မီးဖိုထဲအဝင်မှာ ပေါ(အဖေ)နဲ့တွေ့လိုက်သည်ကြောင့် စုံလင်နေတဲ့မိသားစုဝိုင်းကိုမဝင်ချင်တော့တာဟာသူမှားသွားသလား....အကုန်လုံးမနက်စာစား‌ဖို့သူ့ကိုစောင့်နေကြပေမယ့် ပေါကိုမြင်လိုက်တော့ လွယ်အိတ်ကိုဆွဲပြီးအပြင်သို့ပြန်ထွက်ဖို့ပြင်သည်ကြောင့် ပေါ ဟာသူ့ကိုတားလာခဲ့သည်။ပြန်လှည့်ထွက်နေတဲ့ခြေလှမ်းတွေကရပ်တန့်သွားရကာ ရှေ့တော့ဆက်မတိုးမိ....

"မြေးငယ် လာပါကွယ် ခနထိုင်ပါအုံးလား....မင်း ပေါက ပြောစရာရှိလို့တဲ့"

နှိုင်းကပါ ဝင်ပြောလာတော့မျက်လုံးတွေကိုမှိတ်ချပြီး သက်ပြင်းချသံကိုမြိုသိပ်ကာ‌စားပွဲဝိုင်းထိပ်ဆုံးမှာထိုင်နေသည့် ပေါဘေးက နေရာလွတ်မှာဝင်ထိုင်လိုက်သည်။သူထိုင်သည်နှင့် အိမ်အကူအမက မုန့်ဟင်းခါးပန်းကန်ကိုချပေးတော့ မမှူးက ထိုကောင်မလေးကိုနေခိုင်းကာမုန့်ဟင်းခါးအတွက်လိုအပ်တာတွေကိုသူမကိုယ်တိုင်လုပ်ပေးလေသည်။

"သား စာကောလိုက်နိုင်လား"

ပေါဘက်ကနေအခုလိုမေးလာတော့သူရယ်ချင်သည်။ခနဲ့လိုက်ချင်သည်။ဖြစ်ချင်ရာဖြစ်လုပ်ပြစ်ချင်သည်။သို့ပေမယ့်သူ့ရှေ့မှာထိုင်နေသည် မဲ့ကတော့ ဘာစကားမှမဆိုပဲ ပေါကို တစ်ချက်တောင်မကြည့် သူ့ကိုပဲကြည့်ကာ ခေါင်းအသာညိမ့်ပြနေသည်။

"ဟုတ်ကဲ့"

ထိုလောက်သာပြန်ပြောပြီး မုန့်ဟင်းခါးတစ်ဇွန်းကိုခပ်စားလိုက်သည်။

"ရော့ ဒီမှာသားအတွက်"

ပေါက သူ့ဘေးမှာချထားသည့်အိတ်ကိုယူကာ ခွန်ခမ်းကို တိုးပေးတော့ မျက်လုံးလှန်ကြည့်လိုက်သည်။

"သား ဖုန်းကွဲသွားတယ်ဆိုလို့....မနေ့ကဝယ်လာခဲ့တာ"

ပေါနဲ့မဲ့ရန်ဖြစ်သည့်နေ့က စိတ်လိုလက်ရပြစ်ပေါက်ခွဲလိုက်သည့်သူ့ဖုန်းကွဲသွားတယ်ဆိုတာပေါဘယ်လိုသိလည်းမသိပေ။ထိုအိတ်ကိုယူမကြည့်ဖြစ်တော့ပေါကခုန်ပေါ်တင်ထားသည့်သူ့လက်ကိုဆုပ်ကိုင်လာကာ

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now