Part-22 Uni/Zawgyi

9.6K 287 32
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-22

မိုးပြောခဲ့သလိုပဲအချိန်တွေကတကယ်ကိုမြန်‌တာ....အခုဆိုရင် ဆေးတက္ကသိုလ် တတိယနှစ်ဖြေပြီးလို့ လီလီတို့အိပ်ပြန်ကြရမည်ဖြစ်သည်။သုံးနှစ်...သုံးနှစ်ကျော်လို့လေးနှစ်ထဲရောက်ခဲ့ပြီ....ပုံမှန်ပြောရရင်သုံးနှစ်ခွဲပေါ့...ဒုတိယနှစ်မှာတစ်နှစ်ခွဲကြီးတောင်တက်ခဲ့ရသည်ကို.....

တတိယနှစ်မှာတော့ Microbiology(ပိုးမွှားဗေဒ)၊ Pharmacology( ဆေးဝါးဗေဒ)၊  General Pathology(ရောဂါဗေဒ) ကို သင်ယူကြရသည်။Medicine၊ Surgery စသည်တို့ကို ဆေးရုံ တွေကိုသွားလူနာတွေနဲ့ပါလက်တွေ့သင်ယူရတော့လီလီတို့ဟာ လုံးဝကိုဆရာဝန်မကြီးဒေါက်တာမကြီးစတိုင်တွေဖမ်းကြပေပြီ...ထိုထဲမှာလီလီအဆိုးဆုံး....လူနာတစ်ယောက်ကိုကြည့် သင်ကြားသည့်ဆရာမကိုလက်တွေ့ပြန်ပြောပြရ....သူမချီးကျူးခံရပြီလားဆိုရင် လူတကာကိုပတ်ကြွားရတာအမော....တောင်ကြီးကသူတွေပါဖုန်းဆက်ပြီးလှမ်းကြွားသေးသည်ပင်....

ထိုထဲမှာတော့ ခွန်ခမ်းဟာ သူမဒဏ်ကိုအခံရဆုံးဖြစ်သည်။အခုလည်းအိမ်ပြန်ဖို့ပစ္စည်းတွေသိမ်းနေရင်းနဲ့ကိုသူမဘယ်လိုဖြေခဲ့တာ၊ဘယ်လိုဖြေနိုင်ခဲ့တာကိုကြွားလို့မပြီးတော့ပေ....ဒါကိုလည်း အဲ့ဒီ့ခွန်ခမ်းဟာမငြိုငြင် ချီးကျူးစကားတောင်ထပ်ပြောသေးတာ....သူသာခံနိုင်တာ မိုးကတော့ဟိုကျန်ဒီကျန်ဖြစ်မှာစိုးလို့တွေးရတာကတစ်မျိုးဒီဟာမလေးကြောင့်နားငြီးလာရသည်ကတစ်မျိုးမလို့ ထုံးစံအတိုင်းဖုန်းကိုဆွဲလုကာခွန်ခမ်းကိုသာတော်ဖို့ပြောရင်းဖုန်းချပြစ်လိုက်သည်။

"ဟာ အကျင့်ပုတ်မ သူများဖုန်းပြောနေတာကို"

"လီလီ နင်ဟာလေ ကလေးစိတ်ကိုမကုန်နိုင်သေးဘူး.....ငါနားငြီးလာပြီ...ဟိုရောက်မှနင်တို့နှစ်ယောက်ထဲတွေ့မှ ပြောချင်တာပြောကြ အခုလောလောဆယ်တော့ပစ္စည်းလေးတွေသေချာသိမ်းပါနော်...လိမ္မာတယ်ငါ့သူငယ်ချင်းလေးက"

လီလီ့ပါးကိုဆွဲကာချော့ပြောတော့ မိုးရဲ့လက်ကိုပုတ်ထုတ်လိုက်ပြီးမျက်စောင်းထိုးကာအောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now