💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-44
အကုန်လုံးကသာစကားဝိုင်းကျနေပေမယ့် လီလီဟာတော့နှာခေါင်းလေးရှုံ့မဲ့ပြီး သူမမုန့်ဟင်းခါးပန်းကန်ထဲပါလာသည့်နံနံပင်တွေကိုတူနဲ့ညှပ်ယူကာတစ်ခုခြင်းစီဖယ်နေလေသည်။
ဝိတ်တာလေးကနံနံပင်ကိုနှစ်ပွဲမထည့်ဘူးဆိုတာကို တစ်ပွဲဆိုပြီးမှားကြားသည်နေမှာ.....ချပေးသွားတော့လည်းဘာမှမပြောပဲ ခမ်းရှေ့ကိုသာနံနံပင်မပါတဲ့ပွဲကိုချပေးသွားခဲ့လေသည်။
ဒါကိုမြင်သည့်ခမ်းဟာသူ့ပန်းကန်ကိုမွှေနောက်ပြီးသည်နှင့်သူမရှေ့ချပေးလိုက်ကာ သူမပန်းကန်နဲ့လှဲယူလိုက်သည်။
"ကို အဲ့မှာနံနံပင်တွေပါတယ်"
"အွန်းသိတယ်လေ ဒါကကိုယ်စားလိုက်မယ် သည်းငယ်ကကိုယ့်ဟာစားလိုက်....အိုခေလား"
"ဟွန်းးးးးကိုလည်းနံနံပင်မစားတဲ့ဟာကြီးကို"
လီလီဟာ ထိုပန်းကန်ကိုသူမလည်းပြန်မယူချင်တာအမှန်ဖြစ်သည်ကြောင့် မျက်နှာသူငယ်လေးနဲ့ခပ်ချွဲချွဲလေးဆိုလာတော့ခမ်းဟာပြုံးလိုက်ပြီးသူမခေါင်းလေးကိုခပ်ဖွဖွလေးပွတ်သပ်လိုက်ကာ
"ကိုယ်ကရတယ်....သည်းငယ်လေးလက်နဲ့ကိုင်ပြီးသမျှကိုယ့်အတွက်အကုန်ရွှေပဲ"
"အယ်ဟေ ချစ်တတ်လိုက်တာနော်"
"ဟားးးးးးးးမင်းဟာကမဟုတ်တော့ပါဘူးငခမ်းရာ...ပိုတာလေးတော့နည်းနည်းလျော့"
ဝင့်ကသူမတို့အတွဲကိုသဘောကျကာ အားရပါးရအားကျကြောင်းဆိုပေမယ့်ငရှိုင်းကတော့ခမ်းကိုမျက်နှာမဲ့ကာပိုကြောင်းဆိုလာခဲ့သည်။
"ဟုတ်တယ်...ဒါတော့မင်းနည်းနည်းများသွားပြီငခမ်း"
မြင့်မြတ်ဟိန်းကလည်းမုန့်ဟင်းခါးကိုပါးစပ်ထဲထိုးသွပ်ကာ ရှိုင်းဘက်ကထောက်ခံကာဆိုလာတော့ မိုးမိုးဟာ မြင့်မြတ်ဟိန်းကိုမျက်မှောင်ကုတ်ကြည့်လိုက်ပြီး
"ဒါဆို နင်ကငါ့လက်နဲ့ကိုင်ပြီးသမျှကရွှေမဖြစ်ဘူးလို့ဆိုလိုချင်တာလား"
ခမ်းကိုဖဲ့ချင်ဇောလောကြီးပြီး ကောက်စိန်ရှိနေတာကိုမေ့ကာပြောမိသွားရပြီဖြစ်တာကြောင့် ကိုယ့်နဖူးကိုပြန်ရိုက်လိုက်ပြီး
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024