💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-58
လီလီဟာရေချိုးပြီးတော့ ခမ်းမှာပေးထားတာတွေလည်းရောက်ပြီးဖြစ်တာကြောင့် စားဖို့ပြင်လိုက်သည်။colaကအိမ်မှာတင်ရှိသည်ဆိုတော့ရေခဲသေတ္တာထဲကနေယူဖို့သူမကိုယ်တိုင်ပဲထလိုက်သည်။ရေခဲသေတ္တာဖွင့်ဖွင့်ခြင်းအရင်ဆုံးမြင်လိုက်ရသည်က ဘီယာဘူးတွေသာတန်းစီနေသည့်အကန့်ကြီးဟာ ဆရာဝန်ပီပီသူမမျက်လုံးထဲကန့်လန့်ကြီးတိုးဝင်လာခဲ့သည်။ထို ကြောင့်ခမ်းကို ဆူရန်အတွက်အနောက်သို့လှည့်လိုက်ကာ မှာထားသည့်စားစရာတွေကိုပန်းကန်ထဲသေချာထည့်ပေး နေသည့်သူ့ကို မျက်မှောင်ကုတ်ကြည့်နေလိုက်သည်။
"ကို့ ဘီယာဘူးတွေအဲ့လောက်အများကြီးကမလွန်ဘူးလား"
"ဟမ်"
"ဒီမှာလေကြည့်အုံး ဘူးနှစ်ဆယ်မကဘူး....ဘာလို့အဲ့လောက်အများကြီးရှိနေရတာလည်း"
"ကိုယ် သောက်ဖို့လေ"
"အဲ့ဒါတွေ တစ်ယောက်ထဲသောက်ဖို့လား"
"အွန်း"
ခမ်းကခေါင်းညိမ့်ပြလာတော့နှုတ်ခမ်းလေးကိုကိုက်လိုက်ကာ
"အဲ့လောက်အများကြီးသောက်နေရင် လူက ကြာရင်ကျန်းမာရေးထိခိုက်လာလိမ့်မယ်....နောက်ဆိုရင် ဗိုက်တွေပါပူလာလိမ့်မယ်"
သူမရဲ့colaဘူးတွေကိုရွေးယူလိုက်ရင်း ထိုသို့ပြောလျက်ရေခဲသေတ္တာကိုစောင့်ပိတ်လိုက်ကာ သူ့ရှေ့သို့လာထိုင်လေသည်။သူမပုံစံလေးကိုသဘောကျတာမလို့ခမ်းဟာရယ်လိုက်ပြီး
"အဟက် ကိုယ်က တစ်ခါထဲသောက်တာလည်းမဟုတ်.....ဝေးဝေးနေမှတစ်ခါပါ"
"မသိဘူး အဲ့ဒါတွေမသောက်တာအကောင်းဆုံးပဲ....ပြီးတော့ဆေးလိပ်တွေကောပဲ"
"ရော် နည်းနည်းပဲလေ သည်းငယ်ရဲ့"
"အဲ့ နည်းနည်းကိုမသောက်စေချင်တာ....နောက်ဆိုအရက်သမားဖြစ်လိမ့်မယ်သိလား...."
"အဲ့လောက်လေးသောက်တာနဲ့တော့ အရက်သမားဖြစ်စရာလားကွာ"
"ရော် ကျန်းမာရေးနဲ့မညီပါဘူးလို့ဒီလောက်ပြောနေတာလေ....သည်းငယ် မကြိုက်ဘူးလေ....ကို သောက်ချင်သပါ့ဆိုလည်းသောက်....သည်းငယ်ကတော့အရက်သမားမိန်းမမလုပ်နိုင်ဘူး"
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024