💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-29
ခမ်းက ညစာပါလုပ်ကျွေးလိုက်တာမလို့ အိမ်ပြန်ချိန်ကအတော်နောက်ကျနေပြီ....ညနေခြောက်နာရီတောင်ကျော်နေပြီးအိမ်တံခါးတွေလည်းဖွင့်ထားပြီမလို့ကိုကြီးပြန်ရောက်နေပြီဆိုတာလည်းသိသည်....ဒီနေ့တစ်နေ့လုံးဖုန်းဆက်ပြီးတောင်မခေါ်သည့်ကိုကြီးကတော့ စိတ်များတိုနေမလားပဲ.....ဆိုင်ကယ်လေးကိုဂိုထောင်ထဲထည့်လိုက်ပြီး အိမ်ထဲသို့ဝင်ဖို့အရေး လေပူတွေမှုတ်ထုတ်ပြီးသက်ပြင်းအခါခါချကာ ခပ်တည်တည်ပဲဝင်လာခဲ့လိုက်သည်။
အိမ်ထဲခြေလှမ်းလိုက်တာနဲ့ ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီးထိုင်နေသည့် ကိုကြီးကိုတွေ့လိုက်တာကြောင့် မျက်နှာလေးကိုရှုံ့မဲ့လိုက်ပြီး ခေါင်းလေးကိုငုံ့လိုက်ကာ သူမအခန်းရှိရာသို့ခပ်သွက် သွက်လျှောက်လာလိုက်သည်။
"ယွန်းအဉ္ဇလီ"
ကိုကြီးရဲ့အသံကျယ်ကြီးကြောင့်ခြေလှမ်းလေးတွေဟာ ရပ်တန့်သွားရပြီးလက်သီးလေးနှစ်ဖက်ကိုစုပ်လိုက်ကာ အနောက်လေးကိုလှည့်ကြည့်လာပြီး ပြောင်စပ်စပ်လေးထူးကာ ရယ်ပြလာခဲ့သည်။
"ဂျာ ဟီးးးး"
"ငါ့ကိုတွေ့လား"
"ဟုတ် တွေ့တယ်လေ ဟီး"
"အဲ့ဆို ဒီနားပြန်လာခဲ့"
"ဟွန်းးးးးး ကိုကြီးကလည်း မီး ခြေလက်ဆေးလိုက်အုံးမယ်"
"ငါ ဘာပြောနေလည်းယွန်းအဉ္ဇလီ"
ကိုကြီးဒီလိုအပြောဆိုရင် သူမကိုဘယ်လောက်စိတ်တိုနေမလဲ သိလိုက်ပြီ.....ဒီလိုအချိန်ဆိုရင်တော့ ကိုကြီးကိုကြောက်ပါသည်။စလွယ်သိုင်းလွယ်ထားတဲ့အိတ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး ကိုကြီးရှေ့သို့ပြန်လာကာ ခုံပေါ်သို့ ခပ်ရို့ရို့လေးထိုင်လိုက်လေသည်။
"ကိုကြီး ဘာပြောမလို့လည်းဟင်"
"နင် နေ့လည်ကတစ်နေကုန်ဘယ်သွားနေလည်း"
"ဟီး သမီး မိုးမိုးတို့အိမ်မှာ....."
"ငါလိမ်တာမကြိုက်ဘူးနော် ယွန်းအဉ္ဇလီ ငါ့ကိုမှန်မှန်ပြော"
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024