💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-35
အပြင်မှာမိုးကလည်းဆွေနေသလို ခမ်းတို့သုံးယောက်ကလည်းစိုက်ခင်းဆီသွားကြည့်မယ်ဆိုပြီးထွက်သွားလိုက်တာမနက်စာစားပြီးကတည်းကဖြစ်သည်။လီလီကတော့နာရီတကြည့်ကြည့်နဲ့အိမ်ပေါက်ဝကနေမျှော်နေသည်ကသစ်ကုလားအုပ်ကြီးလိုလည်ပင်းကြီးရှည်ထွက်တော့မည်ပင်....
"ဟာ ကြာလိုက်တာ အခုထိပြန်မလာကြသေးဘူး"
ထိုသို့ဆိုကာ ကြိမ်ကုလားထိုင်တွေပေါ်စောင့်အောင့်ထိုင်ချလိုက်တော့ အေးအေးဆေးဆေးဖုန်းသုံးနေသည့် မိုးမြင့်မိုရ်ကမျက်လုံးလှန်ကြည့်လာခဲ့သည်။
"နင်ဘယ်လိုဖြစ်နေတာလည်း လီလီ...ဟိုကအလုပ်နဲ့သွားတာနော်....တစ်မျှော်မျှော်နဲ့လုပ်မနေနဲ့...အကုန်အခက်တွေ့ကုန်အောင်လို့လား"
"ကြာနေပြီလေလို့ ငါကမှိုသွားရှာချင်နေလို့ပါဆို"
"ဟမ်"
"ဟုတ်တယ် ငါမနက်ကခြံထဲစံပယ်တွေသွားခူးတော့လေ ဦးလေးရွှေဘမိန်းမကဒေါင်းမှိုတွေချက်နေတာတွေ့ခဲ့တယ်...ငါ့ကိာခေါ်ကျွေးတော့စားခဲ့တာ အရမ်းစားကောင်းတာပဲ"
"ဒေါင်းမှိုတွေဟုတ်လား"
"အင်းဟုတ်တယ်ဒေါင်းမှိုတွေလေ.....အဲ့ဒါ ဦးလေးရွှေဘရဲ့မိန်းမကပြောလိုက်တာသိလား....ခမ်းချက်ရင်ဒီထက်စားကောင်းတယ်တဲ့ အဲ့ဒါချက်ကျွေးခိုင်းမလို့ ဟီး"
လီလီက ပြုံးဖြီးကာပြောနေတော့ မိုးမိုးဟာခေါင်းရမ်းလျက်နားထောင်နေပြီး သူ့ဖုန်းသူပြန်ကြည့်နေလေသည်။
"ဟဲ့ သူတို့မစောင့်တော့ပဲ ငါတို့ဘာသာသွားရှာကြမလား"
လီလီကမျက်ခုံးပင့်ပြကာထပ်ဆိုလာတော့ မိုးမိုးဟာဆတ်ကနဲခေါင်းထောင်ကြည့်လာပြီး
"ဟဲ့ ပေါက်ကရမပြောနဲ့...ငါ ငါ မလိုက်ဘူးနော်....အနောက်ဘက်မှာကထင်ရှူးပင်တွေကအုပ်လိုက်ကြီးကြောက်စရာကြီး"
"ဟွန့် နင်ကလည်း....ကြောက်စရာမရှိပါဘူး....ထင်းရှူးပင်တွေကသူ့ဘာ့သာနေတာပါ"

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024