Part-65(Extra-4) Uni/Zawgyi

11.3K 312 20
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-65(Extra-4)

နွေးထွေးပြီးအိစက်နေသည့်ခန္ဓာကိုယ်သေးသေးလေးဟာ သူ့လက်မောင်းပေါ်နှစ်ခြိုက်စွာအိပ်ပျော်နေတာမလို့သူမနိုးသွားမည်စိုးတာကြောင့် ထုံကျင်နေသည့်လက်မောင်းကိုသူမခေါင်းအောက်ကနေမထုတ်ပဲဒီအတိုင်းထားထားမိသည်။သူ့ကြောင့်တစ်ညလုံးသည်းငယ်လေးပင်ပန်းခဲ့ရသည်မဟုတ်လား.....

နှုတ်ခမ်းလေးစူပြီးအိပ်ပျော်နေသည့်သေးသေးလေးရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုခြင်းဆီကိုသေချာကြည့်ကာပြုံးနေမိသည်ကအခါခါရယ်....

"အဟက်....ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းရသလဲ သည်းငယ်"

ခြောက်ကပ်ကပ်လည်ချောင်းသံနဲ့တစ်ချက်ရယ်လိုက်ပြီး ကျန်လက်တစ်ဖက်က မိတ်ကပ်တွေပျက်တစ်ဝက်မပျက်တစ်ဝက်ဖြစ်‌နေသည့်သူမပါးပြင်လေးကိုလက်မနဲ့ပွတ်သပ်လိုက်ကာ ရင်ဘက်ပေါ်ကအနီကွက်လေးတွေပေါ်သို့ပြောင်းရွှေ့ပြီးပွတ်သပ်လိုက်မိသည်။

"ကိုယ်အရမ်းဆိုးသွားလား"

အနီရောင်ကသူမအသားဖြူဖြူပေါ်မှာအညိုဘက်ပါသန်းနေတာမလို့ သနားလည်း သနားမိသလို သဘောလည်းကျမိသည်....သူ့အပိုင်ပါဆိုပြီးတံဆိပ်ခတ်နှိပ်ခွင့်ရခဲ့လို့......

ကြည့်ရင်းနဲ့အူယားလာတာမလို့ သူမခန္ဓာကိုယ်လေးကိုပိုလို့တိုးဖတ်ကာဖိညစ်ဖတ်ပြစ်လိုက်သည်။

"အွန်း ဟင့်"

ဟင့်ကနဲအသံသေးသေးလေးထွက်လာပြီးသူမလက်လေးတွေကသူ့ရင်ဘက်ကိုတွန်းလာတာမလို့ခမ်းမှာ မျက်လုံးပြူးသွားပြီးသူမကိုငုံ့ကြည့်လိုက်သည်။

မျက်နှာရဲရဲကလေးနဲ့ပြူးပြူးလေးပြန်ကြည့်နေတာမလို့ခမ်းဟာသူမကိုစိုက်ကြည့်လိုက်ပြီး

"မင်း နိုးနေတာလား သည်းငယ်"

"ဟင့် အ အ အသက်ရှူကျပ်နေပြီ"

ထိုတော့မှဖတ်ထားရာမှလွှတ်ပေးလိုက်ကာအောက်ငုံ့သွားသည့်သူမမျက်နှာလေးကိုအတင်းလိုက်ကြည့်ပြီး

"မင်း အိပ်ချင်ယောင်ဆောင်နေတာပေါ့လေ ဟုတ်လား"

"အွန်း"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now