Part-14 Uni/Zawgyi

9.6K 242 10
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-14

ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ကိုကြီးနဲ့အတူ ကိုကြီးရဲ့ဆိုင်ကိုလိုက်လာခဲ့သည်။ကောင်တာမှာထိုင်လျက် ဝတ္ထုစာအုပ်ဖတ်နေတုန်းကိုကြီးကခေါ်လာခဲ့သည်ကြောင့်ကိုကြီးကိုမကြည့်ပဲပြန်ထူးလိုက်သည်။

"ပေါက်စ"

"အင်း ကိုကြီး"

"ဒီကိုကြည့်အုံးဟ...ခိုင်းစရာရှိလို့"

"မအားဘူးနော် စာဖတ်နေတယ်...ဘာမှလာမခိုင်းနဲ့"

"ကျစ် ဒီဟာလေးတော့...ငါထုလိုက်ရ"

"အားးးးးးကိုကြီးနော်"

စွမ်းပြည့်နောင်ကလက်ရွယ်ရုံတင်ရှိသေး အာဗြဲနေအောင်အော်လိုက်သည်က နားထဲကိုစူးကနဲဖြစ်ရသည်။စွမ်းပြည့်နောင်ကသူ့နားကိုအုပ်လိုက်ပြီး..

"အရူးမ နင့်ကိုငါဘာလုပ်ရသေးလို့ဘာကိစ္စအဲ့လောက်အော်နေတာတုန်း"

ကိုကြီးကိုမျက်လုံးလှန်ပြီးဂျိုကြည့်ကြည့်ကာ နှုတ်ခမ်းကိုစုဝိုင်းနေအောင်ထော်လိုက်ပြီး မျက်စောင်းထိုးလာသည်။

"အော်ချင်လို့အော်တာ"

ချော့ပြောမှရသည့်လီလီ့အကြောင်းကိုကျေညက်နေပြီးသားမလို့စွမ်းပြည့်နောင်ဟာအကောင်းဆုံးပြုံးကာလီလီဘေးလာရပ်လိုက်ပြီး‌ခုံပေါ်ကိုလက်တစ်ဖက်ထောက်လိုက်ကာသူမခေါင်းလေးကိုပွတ်သပ်လိုက်ပြီး

"ကိုကြီး ညီမလေးက လိမ္မာပါတယ်...လမ်းထိပ်နားတင် ကိုကြီးကိုတိပ်လေးသွားဝယ်မပေးချင်ဘူးလား"

"အဲ့ထဲက သမီးကြိုက်တဲ့ဆိုင်ကယ်ပေးစီးရမယ်...အာ့မှသွားဝယ်ပေးနိုင်မယ်"

"ဟာ အဲ့လိုတော့မလုပ်နဲ့လေ...အဲ့ဒါကအသစ်တွေ...ကိုကြီးဆိုင်ကယ်စီးသွား"

"အဲ့ဆိုရင်တော့ မေမေက ကိုကြီးကိုခြေတွေလက်တွေအကောင်းကြီးမွေးထားတာ ကိုယ့်ဘာသာသွားဝယ်"

"ဟ ဒီဟာလေးကတော့"

ပေးမစီးရင်တကယ် သွားမဝယ်ပေးဘူးဆိုသည့်ပုံစံနဲ့သူ့စာသူပြန်ဖတ်နေတော့ စွမ်းပြည့်နောင်ဟာ လီလီနဖူးကိုလက်ဆစ်နဲ့ခေါက်ပြစ်လိုက်သည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now