💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-52
ထိုဆုဟာတော့........
သူ့သည်းငယ်လေးနဲ့ ဒီဘဝရဲ့သက်ဆုံးတိုင်မှအတူနောက်ဘဝဆက်တိုင်းချစ်ပါရစေဆိုပြီးဆုတစ်ခုသာတောင်းလိုက်လေသည်။
"ဖူးးးးးး"
"ရေး ဖြောင်း ဖြောင်း ဖြောင်း"
ဖယောင်းတိုင်မီးမှုတ်ပြီးတော့မြင့်မြတ်ဟိန်းကခမ်းရှေ့ကိုစားပွဲခုံထားပေးလိုက်သည်။လီလီကထိုခုံပေါ်ကိတ်မုန့်လေးတင်လိုက်ပြီး
"ကိုရေ ကိတ်ခွဲရအောင်နော်"
"အွန်း သည်းငယ်"
ခမ်းရဲ့လက်ထဲကိုဓားလေးထည့်ပေးပြီးသူမနဲ့အတူကိတ်မုန့်တုံးကိုလှီးဖြတ်လိုက်သည်။ပန်းကန်တစ်ခုထဲကော်ထည့်လိုက်ပြီး ပထမဆုံး လီလီ့ကိုခွံ့ကျွေးလာခဲ့သည်။ပြီးနောက်မှာတော့အကုန်လုံးကိုခွံ့ကျွေးပြီးလီလီကခမ်းလက်ထဲကဇွန်းနဲ့ပန်းကန်ကိုယူလိုက်ပြီး ခမ်းကိုပြန်ခွံ့ကျွေးလာသည်။
"အ.....ကို"
"အဟက်"
သူမခွံ့ကျွေးနေတုန်း ခမ်းကကိတ်မုန့်ပေါ်ကခရင်မ်လေးကိုလက်ညိုးနဲ့တို့လိုက်ပြီးလီလီ့ရဲ့နှာခေါင်းလုံးလုံးလေးပေါ်သို့တို့လိုက်သည်။
"အာ ကိုနော်"
နှာခေါင်းပေါ်မှာခရင်မ်လေးပေးသွားသည့်ကောင်မလေးဟာ မျက်မှောင်လေးကျုံ့လိုက်ပြီး သူမလည်းခရင်မ်ကိုပြန်ယူကာ ခမ်းရဲ့ပါးကိုတို့လိုက်သည်။သူမတို့နှစ်ယောက်ကိုကျန်လေးယောက်ကပြုံးပြီးကြည့်နေတုန်း လီလီဟာခမ်းကိုမျက်ခုံးပင့်ပြလိုက်ပြီးအနောက်ကလေးယောက်ကိုပါတို့ဖို့မျက်ရိပ်ပြလိုက်တော့ခမ်းကရယ်ကာခေါင်းညိမ့်ပြလာသည်။
ဒီတစ်ခါတော့လက်ထဲကိုခရင်မ်များများယူလိုက်ပြီးအနောက်မှာရပ်နေသည့် ဇော်ရှိုင်းခန့်ရဲ့မျက်နှာကိုပွတ်သုတ်ပြစ်လိုက်လေသည်။
"ဟ ယွန်းအဉ္ဇလီ နင်"
"ဗြဲ"
ရုတ်တစ်ရက်ဆိုတော့ဇော်ရှိုင်းခန့်ဟာ တားချိန်တောင်မရလိုက်ပဲ သူ့မျက်နှာတစ်ပြင်လုံးကိတ်ခရမ်တွေပေပွသွားသည်ကြောင့် လီလီကို နာမည်အရင်းကြီးပါတပ်ခေါ်လာခဲ့သည်။လီလီဂာ လျှာလေးထုတ်ပြောင်လိုက်ပြီးဇော်ရှိုင်းခန့်ရှေ့ကနေပတ်ပြေးပြီး မိုးမိုးကိုပါသုတ်ပြစ်လိုက်သည်။
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024