Part-47 Uni/Zawgyi

7.4K 258 39
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-47

သူမ,သိခဲ့တဲ့ကိုဟာ အခုဘယ်လိုတွေတောင်ဖြစ်နေလိုက်သလဲ....မနေ့ကမြင်ခဲ့ရသည့်မြင်ကွင်းကိုအခုထိမျက်လုံးထဲကမထွက်နေသည်က လီလီ့ကို အလုပ်တွေပါလုပ်မရသည်အထိ....ကို့ကို စိတ်ဆိုးတာလား....ကြောက်နေတာလားသူမဝေခွဲမတတ်နေဘူး....

ကိုဟာ ဆေးသမားလား....သူမအဲ့လိုသုံးနှုန်းလိုက်တာမှန်ရဲ့လား....

ဘယ်အချိန်ကတည်းကအခုလိုတွေဖြစ်နေရတာလည်း.....တကယ်ကိုမထင်မှတ်ထားသည်ကြီးကမျက်စိရှေ့တွင် တွေ့မြင်လိုက်ရတော့ ကိုယ့်စိတ်ကိုဖြေသိမ့်လို့ကိုမရနေတာ....တကယ်ကိုရုတ်တရက်ဆန်လွန်းတယ်....

သူမအိပ်မက်တစ်ခုကိုမက်နေသည်လား.....ထိုအရာဟာအိပ်မက်ကြီးသာဆိုရင် အမြန်နိုးထပါတော့လို့သာသူမဆုတောင်းမိသည်.....ဟင့် ဟင့်....

စင်္ကြံလျှောက်လမ်းရှိဝရန်တာကနေ နေရာတစ်ခုကိုကြည့်‌နေပေမယ့် မျက်ရည်ကြည်တွေပြည့်အစ်နေသည်ကြောင့်အရာအားလုံးဟာ မှုန်မွှားမွှားသာမြင်တွေ့နေရသည်။စိတ်ထဲကနေလှိုက်တက်လာသည့် ကြေကွဲဝမ်းနည်းမှုကြီးဟာ သူမမျက်ရည်စတွေကိုထိန်းချုပ်နေပေမယ့် ထိန်းမရစွာ ပါးပြင်ပေါ်သို့စီးကျလာခဲ့သည်။

လက်ခုံလေးနဲ့အမြန်သုပ်လိုက်ပေမယ့် နောက်ထပ်စို့တက်လာသည်ကထပ်မံကျဆင်းလာတော့ အသံလေးတွေပါ တဟင့် ဟင့်ထွက်လာခဲ့သည်....

ထိန်းချုပ်မထားနိုင်တော့အောင်ကိုမွန်းကြပ်လွန်းလှသည်.....အော် ဟစ်ကာ ငိုကြွေးပြစ်လိုက်ချင်သည်....မိတ်ကပ်လေးတွေနဲ့သူမမျက်နှာလေးကိုဖုံးဖိထားပေမယ့် မနေ့ညကလည်းတစ်ညလုံးငိုထားသည်မလို့ ငိုထားမှန်းကိုအတော်သိသာသည်....ဖောင်းအစ်နေသည့်မျက်လုံးလေးတွေညှိုးနွမ်းနေတဲ့မျက်နှာလေးဟာ အရင်လိုတက်ကြွခြင်းကင်းမဲ့စွာ ငိုင်နေလေသည်။

မိုးမိုးနဲ့ဝင့်ကလည်း တစ်မနက်လုံးသူမကိုလိုက်ကြည့်နေတာမလို့ ပုံမှန်မဟုတ်တာသတိထားမိသည်....လီလီ့ကိုမတွေ့တာနဲ့လိုက်ရှာတော့ စင်္ကြံလျှောက်လမ်းလေးပေါ်မှာငိုင်နေပြန်သည့်သူမကိုတွေ့လိုက်ရသည်ကြောင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းသူမဆီသို့လျှောက်လာခဲ့ကြသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now