💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-30
"ဘယ်သူတဲ့လည်း"
"စွမ်းပြည့်နောင်လို့ပြောပါတယ်Boss"
ထိုဝန်ထမ်းအမစကားကြောင့် ခွန်ခမ်းကောသူမပါတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးအသံတစ်သံထဲကိုပြိုင်တူရေရွတ်လိုက်ကြသည်။
"ဟမ် စွမ်းပြည့်နောင်"
"ဒါ ဒါဆို ကိုကြီးပေါ့"
"ကို ဘယ် ဘယ်လို လုပ်ကြမလဲ.....သည်းငယ်က မိုးအိမ်လို့ပြော.....ပြောခဲ့တာ"
"သေစမ်းကွာ"
"ဒါနဲ့ကိုကြီးနဲ့ချိန်းထားသေးတာလား"
"ဟင့်အင် ကိုမချိန်းထားဘူး"
"အဲ့ဆိုလုပ်အုံး သည်းငယ်ကိုဒီမှာတွေ့ရင် သတ်လိမ့်မယ်"
"လာ ထ"
ခွန်ခမ်းဟာ လီလီ့လက်ကိုဆွဲပြီးထစေလိုက်ကာ အမြန်ပဲစားပွဲခုံဆီလာခဲ့ကာ ထိုစားပွဲအောက်ထဲကိုအတင်းထည့်လေသည်။
"ကို...."
"ရှူးးးးဒီအောက်မှာငြိမ်ငြိမ်လေးထိုင်နေ ကျန်တာကိုယ့်တာဝန်ထား"
"အွန်း အွန်း"
ခွန်ခမ်းရဲ့စကားကြောင့်ခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြပြီးထိုစားပွဲအောက်မှာငြိမ်ငြိမ်လေးထိုင်နေလိုက်လေသည်။
"ဝင်ခဲ့ခိုင်းလိုက်အမ"
"ဟုတ်ကဲ့ boss"
ထိုဝန်ထမ်းအမဟာ သူတို့အကြောင်းသိပြီးသားမလို့ပြုံးပြီးကြည့်နေတုန်း ခမ်းရဲ့အမိန့်ကြောင့်ခေါင်းငုံ့ပြီး နာခံကာအခန်းထဲကထွက်သွားခဲ့လေသည်။
ထိုအမထွက်သွားသည်နှင့် သူကအလုပ်ခုံမှာဟန်မပျက်ထိုင်ကာ စာရွက်တွေကိုဟိုလှန်ဒီလှန်လုပ်နေလိုက်လေသည်။
"ဟာ ကိုကြီး....အကြောင်းမကြားပဲရောက်လာတာဘာကိစ္စများရှိလို့လည်း"
ကိုကြီးဝင်ဝင်လာခြင်းအရင်ဦးအောင်နှုတ်ဆတ်လိုက်ကာမေးတော့ ကိုကြီးက မျက်နှာတည်ကြီးနဲ့ဝင်လာသည်။
"ကိစ္စကတော့ရှိတယ်....ငါတို့အေးဆေးစကားပြောရအောင်.....မင်းအချိန်ရရဲ့လား"
![](https://img.wattpad.com/cover/362667439-288-k796474.jpg)
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024