💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-32
မနက်စာ စားပြီးကတည်းကနေ့လည်စာအတွက် ခမ်းကြိုက်တတ်သည့်ဟင်းလေးတွေကိုသူမကိုယ်တိုင်ချက်ပြုတ်နေကာ 11ခွဲလောက်ကြတော့ အကုန်ချက်ပြုတ်ပြီးစီးပြီဖြစ်သည်.....အကုန်ချက်ပြီးသည်နှင့် ငါးဆင့်ဂျိုင့်တစ်လုံးကိုယူကာ သူမချက်ထားသည်တွေကို ဖေဖေနဲ့မေမေတို့အတွက်ခွဲကာ ကျန်သည်ကိုတော့ သူမနဲ့ခမ်းစားဖို့အတွက်ဂျိုင့်ထဲထည့်လိုက်သည်။
"ဒါဘယ်ပို့မလို့လည်း သမီးငယ်"
အနောက်ကနေရောက်လာသည့်မေမေဟာ လီလီထည့်နေသည်ဂျိုင့်ကိုလက်ညိုးထိုးကာမေးလာတော့ မေမေ့ကိုလှည့်ကြည့်လိုက်ပြီး ခေါင်းလေးကုတ်ကာ
"ဟို ...."
"ဘာလည်းသမီးအကိုအတွက်လား"
"ဟင့်အင်မဟုတ်ဘူး"
"ဟေ"
"ကိုကြီးက နေ့လည်စာကိုသူ့မမှူးနဲ့သွားစားမှာမေမေသိလား"
ကိုကြီးအကြောင်းကိုခနဲ့သလိုပြောရတော့ ပါးစပ်ထဲအရသာရှိလိုက်တာလွန်ရောပဲ....ကိုယ့်ဘာသာကြိတ်ပြုံးနေတုန်း မေမေထပ်မေးလာသည့်စကားကို တော့ဘယ်လိုဖြေရမလဲအခက်တွေ့လှသည်။
"အဲ့ဆို သမီးချောကဘယ်ပို့မလို့တုန်း"
"ဟို....ခမ်း ခမ်းကိုပို့မလို့မေမေ"
မေမေကိုအမှန်တိုင်းပဲပြောလိုက်တော့ မေမေဟာ မျက်ခုံးကုတ်ပြီးလီလီ့ကိုကြည့်လာကာ မရိုးဘူးဆို နော်သည့်ပုံစံလုပ်ပြနေတော့ လီလီက သွားလေးတွေစိကာပြုံးပြလိုက်သည်။
"ဟို သမီးလက်ရာစားချင်တယ်ဆိုလို့....အဲ့ဒါ..."
"အဲ့ဒါနဲ့မေ့သမီးချက်ပေးနေတယ်ဆိုပါတော့"
"ဟုတ်ကဲ့"
"မသိပါဘူးသမီးကိုယ်တိုင်ချက်ပြုတ်နေတာဆိုတော့ မေမေတို့ဖို့လို့ထင်လိုက်တာ...မေမေ့အတွေးမှားသွားတယ်ထင်တယ်"
"အာ မေမေကလည်း....ဒီမှာ မေမေတို့ဖို့လည်းထားထားတယ်......မေ့မြည်းကြည့်ပေးအုံး"
မေမေကနှုတ်ခမ်းကိုလှလှပပမဲ့လိုက်ကာပြုံးစိစိလုပ်ပြီး လီလီချက်ထားသည့်ဟင်းတွေထဲမှကန်စွန်းရွက်ကြော်လေးကို မြည်းလိုက်သည်။
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024