💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-23
"ဘာလည်း ဘယ်ကျောင်းဆရာမကိုစိတ်ဝင်စားနေပြန်ပြီလည်းနင်က"
"နိုး နိုး ငါအခုစိတ်ဝင်စားနေတာ ဒေါက်တာမလေး"
"အယ်"
ခေါက်ဆွဲပြုတ်တွေကိုပန်းကန်ထဲထည့်ပြီးသူမရှေ့ကိုလာချပေးကာ အောက်နှုတ်ခမ်းကိုဖိကိုက်ပြီးထိုသို့ဆိုလာတော့ နေကြာစေ့စားနေရင်းမှလီလီဟာ ပြူးပြူးလေးကြည့်နေမိသည်။
"ဘယ်သူလည်းသိချင်လား"
သူ့ပန်းကန်ကိုပါယူပြီးလီလီရှေ့ကိုထိုင်လိုက်ကာမေးတော့
"ဖူးးးးးးး"
သူမေးတာကိုပြန်မဖြေပဲခေါက်ဆွဲပြုတ်အရည်ကိုဇွန်းရှည်နဲ့ခပ်ယူလိုက်ကာဖူးကနဲမှုတ်ပြီးသောက်လိုက်သည်။သူမေးတာကိုမသိချင်ယောင်ဆောင်နေသည့် ကောင်မလေးကိုပြုံးလျက်ကြည့်ပြီးထပ်မေးပြန်သည်။
"သိချင်လားလို့ ဟမ် လီလီ"
"အာ့ နင့်အကြောင်းလေ....နင် မိုးကိုစိတ်ဝင်စားနေတာမလား....အာ့ကြောင့် ငါနဲ့ဖုန်းပြောရင်မိုးကဖုန်းချဖို့ပြောရင် နင်အမြဲသူ့စကားနားထောင်တာမလား"
လီလီဟာဇွန်းကိုသူမလက်လေးနဲ့ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးနှုတ်ခမ်းလေးကို ထော်ကာ ထော်ကာ သူမစိတ်ထဲရှိတာကိုတွေးပြီး စွပ်စွဲလာတော့ ခမ်းမှာ ပါးစပ်အဟောင်းသားဖြစ်နေရသည်။
"ဟုတ်တယ်မလားးးး"
နောက်ဆုံးအသံဟာ ပုံမှန်ထက်ကျယ်ပြီးအော်လာတော့ သူမမျက်နှာလေးကိုသေချာကြည့်မိသည်။မျက်ရည်လေးတွေဝေ့ဝဲနေပြီး သူ့ကိုဂျိုကြည့်ကြည့်နေတော့ ပြဿနာက ကြီးပြီ ထင်သည်။သူမဘေးသို့ထသွားလိုက်ပြီးခုံတစ်ခုဆွဲယူကာယူထိုင်လိုက်သည်။
"မဟုတ်တာ ဘယ့်နှယ့်ပေါက်ကရတွေပြောနေတာတုန်း"
"ဘုတ်"
ဘုတ်ကနဲ သူ့ရင်ဘက်ကိုလက်သီးဆုပ်လေးနဲ့ထုလာတော့ သူမလက်လေးကိုဖမ်းကိုင်လိုက်တာ
"ဘာလို့အဲ့လိုတွေထင်ရတာတုန်း"
"ဟင့် မဟုတ်လို့လား"
![](https://img.wattpad.com/cover/362667439-288-k796474.jpg)
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
أدب الهواةမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024