Part-59 Uni/Zawgyi

10.1K 327 31
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-59

"သွား မင်းအရင်"

မြင့်မြတ်ဟိန်းကို ရှေ့ကနေသွားခိုင်းကာ ဧည့်ခန်းမှာ မျက်နှာစူပုတ်ပုတ်‌လေးတွေနဲ့လက်ပိုက်လျက်ထိုင်နေကြသည်မိန်းမလှလေးသုံးယောက်ရှေ့သို့တွန့် ဆုတ်ဆုတ်နဲ့ရောက်လာခဲ့ကြသည်။သူမတို့သုံးယောက်ရှေ့မှာ မျက်နှာသူငယ်တွေနဲ့ဝင်ရပ်နေမိကြတော့အလည်မှာထိုင်နေသည့်လီလီဟာ လေပူကိုမှုတ်ထုတ်လိုက်ပြီး

"ရှင်တို့အရပ် ကလန်ကလားကြီးတွေနဲ့ အဲ့အတိုင်းရပ်မနေနဲ့လေ မော့ပြောရတာ ဇတ်ညောင်းတယ်ထိုင်ကြ"

"အဟက်"

သူ့ရဲ့အသဲပေါက်စိလေးဟာ မျက်ခုံးလေးကျုံ့ကာစိတ်တိုသည့်လေသံလေးနဲ့ပြောလာတော့ ခမ်းဟာအသံထွက်ရယ်လိုက်သည်။

"ကို သည်းငယ်ပြောတဲ့ထဲမှာရယ်စရာပါလို့လား"

"အမ် မပါ ပါဘူး"

"အဲ့ဆို ပြောင်စပ်စပ်မလုပ်နဲ့ထိုင်"

ပိတ်ဟောက်လာသည်ကြောင့် ရယ်ချင်သည့်စိတ်ကိုထိန်းကာ သုံးယောက်လုံး သူမတို့ရှေ့ထိုင်လိုက်ကြသည်။

"မြင့်မြတ်ဟိန်း"

"ဗျာ"

အရင်ဆုံးမြင့်မြတ်ဟိန်းနာမည်ကိုမိုးမိုးကခေါ်လိုက်တော့မြင့်မြတ်ဟိန်းမှာ မျက်နှာသူငယ်နဲ့ဗျာကနဲထူးလာခဲ့သည်။

"ဒီတစ်ခါ ဒါတွေထပ်သောက်ရင် နင့်ကိုဘာပြောထားလည်း"

"မဟုတ်ဘူး အချစ် ကိုယ်ရှင်းပြ....."

"တိတ်စမ်း ငါမေးတာပဲဖြေ အပိုတွေလာမပြောနဲ့"

"ကိုယ်နဲ့ပြတ်မယ်လို့ပြောထားတယ်"

"အဲ့တော့နင်သဘောပေါက်"

"အယ် အချစ် မဟုတ်ဘူး ကိုယ်တောင်းပန်ပါတယ်နော်"

မိုးမိုးရဲ့လက်ကိုလှမ်းဆွဲတော့ ငဟိန်းရဲ့လက်ကိုဖြတ်ရိုက်ကာတွန်းဖယ်လိုက်သည်။

"အဲ့ဆို ရှိုင်း နင့်ကိုကော ငါဘာပြောထားလည်း"

ဝင့်ရဲ့အသံလေးက ငရှိုင်းဆီရောက်လာတော့ ရှိုင်းမှာ မြင့်မြတ်ဟိန်းကိုလိုက်ကြည့်နေရင်းမှာ ပြာယာခတ်စွာ

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now