Part-49 Uni/Zawgyi

8.8K 304 25
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-49

"ရော့ ဒါနဲ့ချည်ထားလိုက်"

ခမ်းဟာသူအသိစိတ်ဝင်နေတုန်းကုတင်ခြေရင်းမှာထိုင်ချလိုက်ကာကြိုးခွေတစ်ခွေကို ဟိန်းနဲ့ရှိုင်းရှေ့သို့ပြစ်ပေးလိုက်ကာသူ့လက်ကိုမြောက်ပြပြီးချည်ခိုင်းလာခဲ့သည်။

"ဟျောင့်"

"ချည်ထားလိုက်ကြကွာ ငါထက်ပြီးသောင်းကျန်းမိနေမှာ"

မျက်ကွင်းတွေပါညိုနေပြီး နှုတ်ခမ်းတွေဆိုဖြူနေသည့် ခမ်းဟာ ခြောက်ကပ်ကပ်လည်ချောင်းသံနဲ့သူအသိစိတ်လွတ်တဲ့အချိန်ဒေါသတွေထွက်ကာအကုန်လျှောက်လုပ်မိသည်ကြောင့် သူ့ဘာ့သာ သာဒဏ်ပေးသည့်အနေနဲ့လုပ်ခိုင်းပေမယ့် ဟိန်းနဲ့ရှိုင်းဟာအဲ့လောက်ကြီးကြတော့ တကယ်မလုပ်ရက်ပေ....အဲ့လိုချည်ထားရအောင် သူတို့သူငယ်ချင်းကတိရစ္ဆာန်တစ်ကောင်မှမဟုတ်ပဲ....

"ပြီးရင် မင်းတို့ကိုငါပြောမယ်....ငါဘာတောင်းတောင်းမပေးနဲ့....အဲ့အချိန်ကြရင်ငါ့ကိုမင်းတို့လာမကြည့်ကြနဲ့....ငါ့ဘာ့သာပဲထိခိုက်ခံမယ်"

"ကျစ် မင်းကွာ....မင်းစိတ်ကိုငြိမ်အောင်လေးထိန်းထားလိုက်...ညနေကြရင်ဒေါက်တာပြန်ရောက်မှာ....ပြီးမှငါတို့ ဆက်လုပ်ကြတာပေါ့....‌ငါတို့ကိုမင်းစိတ်ပူစရာမလိုဘူး"

"ငါပြောသလိုလုပ်လိုက်....ရော့ ချည်ထားကွာ"

အဲ့လိုအထိချည်ထားရအောင်မလုပ်ချင်တာမလို့ ရှောင်ဖယ်ကာတစ်ခြားစကားပြောပေမယ့် ခမ်းဟာ အသံမြင့်ကာအော်လာပြီးချည်ခိုင်းလာခဲ့သည်....

"အဲ့လိုတော့ မလုပ်ပါရစေနဲ့ကွာ နော် ဟျောင့်"

"အဲ့ဆိုမင်းတို့ပြန်တော့....သွားကွာ ပြန်ကြတော့....ငါ့တစ်ယောက်ထဲထားလိုက်ကြ"

"ကျစ်"

လည်ချောင်းရိုးတွေပါထောင်သည်အထိအော်လာသည်ကြောင့် သူငယ်ချင်းဖြစ်သူကိုသာသနားရသည်....တစ်ယောက်ထဲတော့မထားခဲ့နိုင်သည်ကြောင့် သူစိတ်ချမ်းသာအောင် နှစ်ယောက်သားချည်ထားဖို့သာဆုံးဖြတ်ချက်ချလိုက်ကြသည်....

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now