Part-39 Uni/Zawgyi

10.7K 293 17
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-39

အောင်ပန်းကပြန်လာပြီးတော့ နောက်နေ့မနက်မှာသာမိုင်းခမ်းရွာရဲ့မွေတော်ဘုန်းကြီးမှာ ဘုရားတွေကိုသွားရောက်ဖူးမြော်ကြသည်။ထိုနေရာဟာဘုန်းကြီးကျောင်းဖြစ်ပေမယ့်ဒီမှာလည်း ရှေးဟောင် အမွေအနှစ် စေတီတွေ၊ရှေးယခင်ကအတိုင်းပြန်လည်ပြင်ဆင်မွမ်းမံထားတဲ့စေတီတွေ၊မန္တလေးမြို့ကြီးကိုတည်တဲ့နှစ်ထက်စောပြီးတည်ရှိနေတဲ့ သိမ်ကျောင်းတွေဟာအပြည့်ဖြစ်လေသည်။

လီလီတို့ကအရင်ဆုံး ထိုကျောင်းထဲမှာပဲရှိသည့်ရွှေချမ်းသာဘုရားကြီးနဲ့လျောင်းတော်မူဘုရားတို့ကိုအရင်ဖူးမြော်သည်။ဘုရားတွေဖူးပြီးသည်နှင့်အုတ်အဆင့်ဆင့်လှေကားထစ်လိုအောက်ဘက်ကိုဆင်းသွားရသည့်နတ်ရေကန်သို့သွားကာဓာတ်ပုံလှလှလေးတွေရိုက်ဖြစ်ခဲ့ကြလေသည်။

ထိုမွေတော်ကျောင်းမှာက ဘုရားစောင်းတန်းတွေကအစဟောင်းနွမ်းနေပေမယ့် ယခုထိတိုင်စွဲဆောင်မှုရှိလှပေသည်။

လီလီဟာ နေရာတိုင်းကိုကင်မရာလေးနဲ့သေချာလေးရိုက်ယူနေ‌ပေသည်။အပန်းရောင်ဝမ်းစက်လေးဝတ်ဆင်ထားသည့်သူမဟာ ပုခုံးပေါ်ကတစ်ပတ်လေးဟာလည်းလေပြေနဲ့အတူတစ်လွင့်လွင့်နဲ့ဝဲပျံနေကာ သူမရဲ့အလှတရားကိုပုံဖော်နေလေသည်။ခမ်းဟာတော့သူမရဲ့ထိုပုံလေးကိုသူ့ဖုန်းနဲ့ရိုက်ယူကာ ထာဝရအတွက်သိမ်းထားတော့မည်သာဖြစ်လေသည်။

"ကိုရေ..."

"အွန်းသည်းငယ်လေး"

ခမ်းကသူ့ဖုန်းကိုရှမ်းဘောင်းဘီရဲ့ခါးကြားထိုးလိုက်ပြီးသူမဆီသို့လျှောက်လာကာပုခုံးလေးကိုသိုင်းဖတ်လိုက်ပြီးထူးလိုက်သည်။

"မိုးမိုးတို့ကကားဆီရောက်နေပြီတဲ့ စာပို့လာတယ်....အဲ့ဒါ သည်းငယ်တို့လည်းပြန်ကြရ တော့အောင်လေ"

"အွန်း သည်းငယ် လေးကောမှတ်တမ်းတင်လို့ပြီးပြီလား"

"ဟုတ်ပြီးပြီကိုရဲ့ အကုန်စုံလုနီးပါးဖြစ်နေပါပြီ"

"အွန်းလာအဲ့ဆိုသွားကြရအောင်နော်"

"ဟုတ်....ဒါနဲ့လေကို သာမိုင်းခမ်းရဲ့အဓိပ္ပာယ်လေးပြောပြမယ်ဆို"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now