💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-13
"ခမ်း အိပ်ပုတ်ကြီးရေ ထပါတော့ကွယ်"
တစ်ဖက်ကိုစောင်းအိပ်နေသည့်ခမ်းရဲ့ခန္ဓာကိုယ်ကိုမှီပြီးသူ့ရဲ့နားဆီသို့ခပ်တိုးတိုးလေးဆိုကာနှိုးလိုက်တော့ခမ်းရဲ့ခန္ဓာကိုယ်က ပတ်လက်အနေအထားသို့ပြင်လာခဲ့သည်။မှီထားသည့်သူမဟာ ခွန်ခမ်းရဲ့ရင်ဘက်ပေါ်သို့ကျသွားတော့ ခွန်ခမ်းဟာ နိုးလာခဲ့သည်။
ခွန်ခမ်းရဲ့ရင်ဘက်ပေါ်မှာလက်နှစ်ဖက်ကိုယှက်တင်ပြီးပါးချိုင့်လေးပေါ်သည်အထိ ရယ်ပြလာသည်ကြောင့် ခွန်ခမ်းဟာ ဒီအတိုင်းအိပ်မှုန်စုံဝါးနဲ့ကြည့်နေမိသည်။
"ထ တော့ဆို အချိန်ကိုလည်းကြည့်အုံး....ကိုးနာရီကျော်နေပြီ"
"အစောကြီးရှိသေးတယ်"
"ဟမ် ဘာအစောကြီးတုန်း...နေဖင်ထိုးနေပြီကောင်စုတ်ရဲ့ ထ ထ...ဒီနေ့သင်တန်းလည်းသွားရအုံးမှာကို"
"သင်တန်းရက်ကဒီနေ့လား"
"အွန်းလေဒီနေ့ပါ အကိုကြီးရဲ့....ထ တော့"
သူ့ရင်ဘက်ပေါ်မှီနေရမှ ထလိုက်ကာခွန်ခမ်းရဲ့လက်ကိုဆွဲပြီးအတင်းထစေသည်။အကျင့်ပုတ်သည့်ခွန်ခမ်းဟာ တင်းခံထားတာကြောင့် ထိုကုတင်ပေါ်ကနေအပေါ်ရောက်အောင် မဆွဲလိုက်နိုင်ပေ...
"အကျင့်ပုတ်.....ဖြောင်းးးး"
ခွန်ခမ်းရဲ့လက်မောင်းကိုစိတ်ပေါက်ပေါက်နဲ့ပိတ်ရိုက်လိုက်တော့ ခွန်ခမ်းဟာ အမြင်ကပ်စရာကောင်းအောင် ရယ်လေသည်။
"အား ရှိအောင် နွားနို့များများသောက်ကလေးမ"
"ချီး ကို ကလေးမလား"
"အဟက်"
ကုတင်ဘေးကစားပွဲအောက်ကခုံကိုဆွဲယူပြီးထိုခုံပေါ်သို့ နှုတ်ခမ်းလေးကိုစူချိတ်ကာလက်ပိုက်လျက်ထိုင်လိုက်သည်။
"အဟက် ဘဲပေါက်လေးဖြစ်နေပြီ"
ထိုသို့ဆိုလိုက်မှ မျက်ခုံးလေးပါကျုံ့ပြီး မျက်လုံးလှန်ကြည့်ကာ နှုတ်ခမ်းလေးကိုစုဝိုင်းနေအောင်ပိုပြီးထော်ပြလာသည်။အခုမှသေချာကြည့်မိသည်...လီလီဟာ သေနပ်ခါးအစား မျက်နှာပေါ်မှာ မှုန်နံ့သာတွေလိမ်းလာသလို နှုခမ်းနီကိုလည်းအမြဲဆိုးလာသည်....ဝတ်ဆင်တဲ့အဝတ်အစားကအစ အခုခေတ်အလိုက် အတိုတွေ ကိုယ်လုံးပေါ်အင်္ကျီတွေကိုဝတ်ဆင်လာတတ်သည်...မိန်းကလေးပီပီ ပြောင်းလှဲလာသည်နှင့်အမျှချစ်စရာလည်းပိုကောင်းလာသည်။

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024