Part-62 (Extra-1) Uni/Zawgyi

9.1K 286 13
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-62(Extra-1)

"Will You Marry Me"

"Yes"

ချက်ချင်းကြီးတန်းဖြေလာပြီး သူမလက်လေးကိုသူရှေ့ထိုးပေးလာတာမလို့ ခမ်းဟာစိန်လက်စွပ်လေးကိုထုတ်ယူလိုက်ပြီးသူမလက်လေးမှာ ခပ်မြန်မြန်ပဲစွပ်ပေးလိုက်လေသည်။

"ဟေး ဖြောင်း ဖြောင်း ဖြောင်း ဖောင်း ဖောက်"

Sprayဘူးတွေကနေဖောင်းကနဲအသံနဲ့အတူသူမတို့သူငယ်ချင်းတွေကော ပြီးရင် ကိုကြီးနဲ့မမှူးကောကဘေးကအခန်းတွေထဲကနေထွက်လာခဲ့သည်ကိုတွေ့လိုက်ရတော့ လီလီဟာပိုလို့အံ့ဩကာ

"အယ် နင်တို့"

"အယ် ကိုကြီးနဲ့မမှူး"

ခမ်းဟာ ဒူးထောက်နေရာမှ ထ လာလိုက်ပြီး လီလီ့ရဲ့ပါးလေးကိုအုပ်ကိုင်ကာ မျက်ရည်စလေးတွေကို သူ့လက်မနဲ့ပွတ်သုပ်ပေးလိုက်သည်။

"ကြည့်ပါအုံး ကိုယ့်သည်းငယ်လေးက ကြွက်စုတ်ကလေးဖြစ်နေပြီ"

"ဟင့် အဲ့ဒါကိုယ့်ကြောင့်လေ"

ဟင့်ကနဲတစ်ချက်ရှိုက်လိုက်ပြီး ခမ်းရဲ့ရင်ဘက်ကိုလက်သီးဆုပ်လေးနဲ့ထုလိုက်ကာပြောလာတော့ ခမ်းဟာ မိုးမိုးလက်ထဲကနေယူလာပေးသည့် အပန်းရောင်လီလီပန်း ပန်းစည်းကိုယူလိုက်ပြီးသူ့သည်းငယ်လေးကိုကမ်းပေးလိုက်သည်။

ပြူးကြောင်ကြောင်လေးကြည့်နေပြီး ထိုပန်းစည်းကိုလက်မခံသေးတော့ ခမ်းဟာ လက်တစ်ဖက်ကနေ လက်သီးလေးဆုပ်ထားသည့်သူမလက်လေးကိုဆွဲယူလိုက်ပြီးသူမမျက်နှာလေးကိုသေချာကြည့်ကာ

"ဒီပန်းစည်းလေးက သည်းငယ်ကိုကိုယ်စားပြုသလို ကိုယ်တို့ရဲ့သံယောဇဉ်တွေဘယ်လောက်ကြီးမားကြောင်းလည်းကိုယ်စားပြုတယ်....အဲ့ဒါကြောင့် ဒီလီလီပန်းစည်းလေးကို ကိုယ့်အမျိုးသမီးငယ် လီလီလေးက လက်ခံပေးဖို့ကိုယ်ထပ်ပြီးတောင်းဆိုပါရစေနော်"

"ဟုတ်"

လီလီဟာခေါင်းလေးတစ်ဆတ်ဆတ်ညိမ့်ပြလိုက်ပြီး လီလီပန်း‌စည်းလေးကိုသူမလက်ခံလိုက်ကာချက်ခြင်းပဲထိုပန်းလေးကိုမွှေးကြူလိုက်ရသည်ကစိတ်ကိုအတော်လေးလန်းဆန်းသွားရလေသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now