အပိုင်း ၈၂

94 5 0
                                    


   
                ...မောင်
                 သူမ အငယ် make up ပြင်ပေးနေတာကိုပင် မှန်ရှေ့ထိုင် အရုပ်လေးတရုပ်လို ငြိမ်ခံနေရရင်း ဘေးထိုင်ခုံပေါ်မှာ သူမကို စောင့်ကြည့်နေသော သူ့ပင် မျက်လုံးလေးနှင့် စွေကြည့် အားကိုးခေါ်မိရသည်။
             သူကလည်း သူမလက်ကလေးပင် ဘေးမှနေ မလွှတ်တမ်းကိုင်တွဲပေးထားနေရင်း သူမကို အားပေးဟန် ပြုံးပြနေသည်။
            သူက ဒီလို အနားရှိနေလေတော့ အငယ်က သူမ ဆူချင်လည်း မဆူနိုင်၍ ဘူနေလေတော့သည်။သူကလည်းသူ၊ သူမ တောင်းဆိုခဲ့သည့်အတိုင်း ဘေးမှ တစ်လက်မ မှ မခွာသွားတော့။
            'ဟဲ့ နင် ခုထိသွား ပြိုင်ပွဲဝင်ဖို့ မပြင်သေးဘူးလား ? ဒီနားလာ mate ကို ဘူး နေနိုင်သေးတယ်။
             တစ်ခြား Alpha တွေဆို ခုလိုချိန် သူတို့ဝင်ရမဲ့ အခွံလွတ်တွေ ကိုယ်ထဲဝင် ကိုယ်နဲ့အထာ ကျ မကျကြည့်ပြီး လေ့ကျင့်နေတော့မယ်။နင်ကတော့ ...´
            'ဟာ အငယ်ရယ် နားတွေငြီးလိုက်တာ။ပြင်စရာရှိတာ အာရုံစိုက် မပြင်ဖူး။အငယ့်ကြောင့် ကျွန်တော့် Queen လေး ရုပ်ဆိုးသွားရင် ဘာနဲ့ပြန်လျှော်ပေးမလဲ ? ပွဲနောက်ကျသွားရင်ကော ?´
            'အမယ် နင်ကပဲ လာလာချည်သေးရဲ့။ queen ကို ဒီလိုနောက်ကျအောင် လုပ်တာ ဘယ်သူလဲ ?နောက်ကျမှ ခေါ်လာတာကော ဘယ်သူလဲ ? ငါလည်း ဒီ့ထက်မြန်အောင် မပြင်ပေးတတ်တော့ဘူး..´
            'ဒါဆို spell သုံးလိုက်လေ။အငယ် မဆိုတတ်တော့ဖူးလား ? ကျွန်တော်ဆိုပေးမယ်။
             Do bi de do laa.. De be di do boo..´
            'ဟဲ့ နင် ရူးနေလား ? ကောင်ဆိုးလေးရဲ့ ငါ့ လာနောက်နေတယ်။ ငါက နင့်ထက် နှစ်တစ်ထောင်မက ကြီးတဲ့ မကောင်းဆိုးဝါးမဟဲ့။ နတ်သမီးမဟုတ်ဖူး..´
             'ဟီးဟီး သိဖူးလေ ပုံပြင်တွေထဲ ဒီလိုရွတ်လိုက်ရင်..ဟ !´
             'သွား သွား နင့်တော့ ငါ အကြီးနဲ့ တိုင်မိတော့မယ်။အကြီးက ပွဲနောက်ကျအောင် လုပ်တဲ့သူ ဘယ်သူကိုမဆို မညှာတတ်ဖူးနော်...´
              'ဟာ ကျွန်တော်က Alphaပါ အငယ်ရဲ့။အကြီးက ကျွန်တော့်ချစ်လို့..´
              'အေး အကြီးနင့်ချစ်လဲ ငါတော့ မချစ်ဖူး။ခွေးသူတောင်းစားလေး။ဘယ်လို alpha ဖြစ်နေတယ်ကို မသိဘူး။ငါလုပ်လိုက်မိတော့မယ် ...´
              အငယ်က စိတ်ဆိုးဆိုး သူ့ ဘီးနှင့်ပင် ရွယ်ကာနေလေတော့ သူက အခန်းထဲမှ ထွက်ပြေးရန် ပြင်ရင်းပင်
              'မ ကျန်ခဲ့တော့နော်။နောက်မှ မောင်နဲ့ ခန်းမမှာပြန်တွေ့ကြမယ်။
              အငယ် လှလှလေးပြင်ပေးလိုက်နော်။ကျွန်တော့ queen ရုပ်ဆိုးမကြီးဖြစ်အောင်တော့ မလုပ်လိုက်နဲ့။ Star war ထဲက queen လိုလည်း ပြင်လွန်းဖင်ချွန်းအောင် မလုပ်လိုက်နဲ့။ကျွန်တော် အငယ့်လက်ဆ သိ ..ဟ !´
              'ငါ တယ် ..´
               အငယ်က သူ့ ဆူးလိပ်တစ်ခုနှင့်ပင်ယူ ပစ်လိုက်တော့ သူကရှောင် ထွက်ပြေးကာ သွားရလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now