သူမ လန့်နိုးလာတော့ ဘေး သူထိုင်နေတာကိုပင်တွေ့
'မ သတိရပြီလား ? မ !!´
'မောင် ? မဟုတ် မင်း မင်း 013 ကို သတ်လိုက်တာလား ? မင်း ဒီလောက် သွေးဆာနေပြီလား ?
နေဦး 013 သေသွားပြီလား ? Epsilon ကော ? အမလေး မင်းတို့ ဘယ်လို လုပ်လိုက်တာလဲ ?
မကောင်းဆိုးဝါးတွေ !!´
သူမ ဒေါသထွက် သူ့ တွန်းထုတ်မိလိုက်ရတော့ သူက
'ဒီ ဒီလို မဟုတ်ပါဖူး။ 013 သေသွားပေမဲ့ Epsilon ကတော့ ဘာမှဖြစ်မသွားပါဘူး။´
'ဘာ ! ဘယ်လို ? လူတစ်ယောက်လုံး သေသွားတာကိုများ မင်း ဘယ်လို နှလုံးသားမရှိ ပြောနိုင်ရတာလဲ ? 013 က အခွံလွတ်မို့ လို့လား ?
ဘာပဲဖြစ်နေနေ သူလဲ လူပဲလေ။နောက် သူ့ကို မှီခိုနေရတဲ့ သူ့ mate ကော ? မင်း မင်းတို့ အမှားကြီး လုပ်လိုက်တာပဲ။´
သူက သူမ စကားတွေကြောင့် ခေါင်းငိုက်စိုက်ကျသွားပြီး
'သိ သိပါတယ်။မောင် အမှားကြီး လုပ်လိုက်မိတယ်ဆိုတာ။ ဒါ ဒါပေမဲ့ အဲ့အချိန် 031 ကိုယ်ထဲ မောင် မရှိဘူး။´
'ဟင် ဘယ်လို ?´
'အကိုက မောင့် အစထဲက သူ့ကိုယ်ထဲ အဝင်မခံခဲ့ဖူး။သူက ဒီည ထူးထူးခြားခြားကို ဖြစ်နေတယ်။မောင် ဘယ်လိုကြိုးစားစား သူ့ထိန်းလို့ မရတော့ဘူး။´
'ဟင် ! ခု သူကော ?´
'နှင်ထုတ်ခံလိုက်ရပြီ။ ဝင်္ကပါအောက် အိပ်မက်ဆိုးတွေထဲကို။´
'ဟင် !!´
'အဲ့ဒါ ဒီထဲ ထိန်းတာကို လက်မခံလူသတ်မိတဲ့ အခွံလွတ်တွေကို အပြစ်ပေးတဲ့ နည်းပဲ။သူ သူ ဘယ်လို Queen ကိုသုံးပြီး လူသတ်လို့ ရတယ်ဆိုတာ သိသွားတယ် မသိဘူး။
013 က သူ့ အရှုံးပေးနေပြီပဲဟာ။ သူက လွှတ်ပေးလိုက်ရင် ပွဲပြီးပြီ။ဒါကို သူက ဆက်ချုပ်ထားပြီး ဧည့်သည်ကို လှမ်းကြည့်လိုက်တယ်။ဒါကြောင့် ဧည့်သည်က ဒီဆုံးဖြတ်ခွင့်ကို ရသွားတာပဲ။
ဒါက လူတိုင်းမသိတဲ့ မြေအောက်ကမ္ဘာပွဲတွေရဲ့ ဝှက်ဖဲပဲလေ။Queen ကို တစ်ညတာ ပိုင်ဆိုင်ထားနိုင်တဲ့သူက ဒီလို လူ့ အသက်ကို ကစားနိုင်တယ်။ အရင်တုန်းက လူတွေက ဒါကို အရမ်းရူးသွပ်ခဲ့ကြတာပေါ့။
နောင် ဝင်္ကပါထဲ Alpha တွေက ဒီလိုမဖြစ်ဖို့ အစဉ်အဆက် ထိန်းခဲ့ကြတယ်။ မောင်တို့က အခွံလွတ်တွေ ကိုယ်ထဲဝင် ဒီလိုအဖြစ် မခံတော့ဘူး။ဒါကြောင့် သူက မောင့် သူ့ကိုယ်ထဲဝင်ဖို့ ငြင်းဆန်ခဲ့ပြီး တမင် 013 ကို ဧည့်သည်က သတ်နိုင်အောင် အားထုတ်ခဲ့တာ။
အကိုက ဒါကို ဘာလို့ လုပ်ခဲ့တာလဲ ? အမ အတွက်ပဲလား ? ကျွန်တော် မသိတော့ဘူး။´
ဟု ဆိုလိုက်၍ သူမလဲ နေရာမှာပင် ပုံလျက် လဲကျသွားရပါလေတော့သည်။
![](https://img.wattpad.com/cover/371319178-288-k773886.jpg)
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။