အပိုင်း ၈၃

64 5 1
                                    

                 'Queen .. အကြီးက queen ကို 12 o'clock ကဧည့်သည်တော်ရှိရာ လာခဲ့ပါတဲ့။´
              'ဟင် !´
              ထင်သည့်အတိုင်းပင် အကူတစ်ဦးက သူမလာခေါ်လေတော့ သူမအကြီးရှိရာပင် လှမ်းကြည့် ထလာခဲ့ရသည်။ 12 o'clock နေရာရှိ ဧည့်သည်က သူမ ဝင်လာကတည်းက စိုက်ကြည့်နေသူပင်။
              ဒီထဲ ဧည့်သည်တွေက နာရီလက်တံ အမှတ်အသားတွေနှင့် ပွဲလုပ်မည့် ကွင်းကို ပတ်ထိုင်နေကြပြီး VIP တွေက 9 o'clock,12 o'clock,3 o' clock စသည်နေရာ ၃နေရာတွင် ရှိနေကြသည်။သူမက 6 o'clock နေရာတွင်ထိုင်နေ၍ အကူနှစ်ဦး၏ အကူအညီကိုယူ နေရာမှထလာလိုက်ရသည်။သူမဝတ်စုံက ကိုယ့်ဟာကိုယ်ပင် ထဖို့ပြုဖို့က မလွယ်။
              သူမ ဖြတ်လာရသော လမ်းတလျှောက် mate တွေက ဧည့်သည်တွေ၏ တောင်းဆိုမှု့တွေကြောင့် ရောက်နေကြကာ တစ်ချို့ဆို သူတို့ရင်ခွင်ထဲပင် ရောက်နေကြတော့သည်။
             ဧည့်သည်တွေက mate တွေကို ရင်ခွင်ထဲထားပြီး သူတို့စိတ်ကြိုက် နမ်းရှိုက် ထိတွေ့ခွင့်တွေပင် ရနေလေတော့ သူမ အသက်ရှုရကျပ်လာပြန်သည်။
              ငါတော့ အမြဲ ဒီ costume ဝတ်စုံကြီးနှင့် အကျိုးမပေး။သူ့ဝတ်တိုင်းလဲ ပြဿနာတက်နေတော့သည်။ခုဆို သူလည်း သူမ မကူညီနိုင်။သူ့ဟာသူပင် ပြိုင်ပွဲဝင်ဖို့ အလုပ်များနေတော့မည်။
              သူမတွေး ခြေဖျားလက်ဖျားလေးတွေပင် အေးစက်လာတော့သည်။
             'လာ ကလေးလာ။ ဒီဧည့်သည်နားလာထိုင် သူ့ဧည့်ခံပေး။ဒီ ဧည့်သည်က မင်း ဖိတ်ခေါ်လို့ ဘယ်လောက်အရေးကြီးလဲ သိတယ်မဟုတ်လား။ ဖလားထဲ wine ထည့်ပေးလိုက် ..´
             'ဟာ အကြီးရ၊ ရပါတယ်ဗျာ။ wine က အကူတွေထည့်ပေး ရပါပြီ။ကလေး ကျွန်တော့်လန့်သွားပါဦးမယ်။´
             ဧည့်သည်က သူမ လက်တုန်နေတာကိုပင်ကြည့် ဆိုလေတော့ သူမစိတ်ထိန်းကာ အကြီးခိုင်းသလို ကရားထဲမှ wine ငှဲ့ထည့် ပေးရသည်။လက်တုန်တုန်လေးတွေနှင့်ပင် ကရားထဲမှ ဝိုင် ဧည့်သည်သောက်နေသော ခွက်ထဲ ထည့်ပေးလိုက်နိုင်တော့ စိတ်သက်သာရာ ရသွားသည်။
              အကြီးက သူမပင် သက်ပြင်းချကြည့်ရင်း
             'ကျွန်မတို့ရဲ့ queen လေးက ဒီထဲ ပထမဆုံး အတွေ့အကြုံမို့ ..´
             'ဟာ သိပါတယ်ဗျာ။ခင်ဗျား ကျွန်တော့် စကားပုလ္လင် ခံနေစရာမလိုပါဘူး။ကျွန်တော်က ဒီလို queen အသစ်လေးတွေနဲ့ အမြဲကြုံဖူး တွေ့ဖူးနေကျပဲ။တစ်ခါ တစ်ယောက်ဆို ကျွန်တော့ အင်္ကျီပေါ် ဝိုင်တွေမှောက်အောင် တောင် လုပ်ခဲ့ဖူးတယ်လေ။
              ဒီတစ်ယောက်ကတော့ လက်တုန်နေလဲ ခွက်ထဲ တည့်တည့်မတ်မတ်တော့ ထည့်နိုင်သားပဲ။´
              ဧည့်သည်က ရယ်စရာလုပ်ပင် ပြောနေ၍ အကြီးကလဲ လိုက်ရယ်မောလိုက်ကာ
             'ဒါဆို ဧည့်သည်တော်ကြီး ကျွန်မ ခွင့်ပြုပါဦးနော်။ပွဲ စတော့မှာမို့။´
             'ဪ ဟုတ်ကဲ့ပါဗျာ။သွားပါ။အားလုံးက ဒီညပွဲကို စောင့်နေကြပါပြီ။´
              ဟု ခပ်ရွှင်ရွှင် ဆိုလိုက်တော့ အကြီးက သူ့ ဦးညွှတ်ပြီးပင် သူမလှမ်းကြည့် မျက်လုံးအကြည့်တွေနှင့်
               ကောင်းကောင်းလုပ် ဟု ဆို ထွက်သွားလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now