အပိုင်း-(၃)

67.6K 7.7K 1.4K
                                    

"အား....ကိုကို....."

တိတ်ဆိတ်နေသော အလုံပိတ်အခန်းဝယ် ကောင်ငယ်လေးတစ်ယောက်၏ ငိုသံက ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။ ရှေ့ဖန်စားပွဲပေါ်မှ ဓာတ်ပုံလေးကို ကြည့်၍ ပုခုံးများလှုပ်ခါအောင် တသိမ့်သိမ့်ရှိုက်ငိုပုံအရ သူ့အလုပ်အောင်မြင်မှန်း စိုးနိုင် သိလိုက်ရသည်။

"ခန့်ဦးရှိန်ဆိုတာ သေချာလား....ဒေါက်တာ"

နောက်တစ်ခါ ထပ်အတည်ပြုရာတွင်တော့ မျက်ရည်ကျလျက်ပင် ခေါင်းအတွင်တွင်ညိမ့်ပြသည်။ ဓာတ်ပုံချပ်ထဲမှ လူဟာ ရပ်ကွက်ဈေးတစ်ခုတွင် လှူပ်ရှားသွားလာနေခဲ့သည်။ မိမိကိုအလုပ်အပ်ထားသော ခန့်ဦးရှိန်ဆိုသူနှင့် ရုပ်ဆင်သောကြောင့် ကင်မရာထုတ်၍ ဘေးတစ်စောင်းပုံရိပ်ကို ဖမ်းယူလိုက်ခြင်းပင်။ သို့သော် သူသိထားသော ခန့်ဦးရှိန်နှင့်အနေအထား၊အဆောင်အယောင်ချင်းတော့မတူ....ထိုလူသာ တကယ့်ကို တောသားတစ်ယောက်ဟန်ဖြစ်သည်။ ထို့ကြောင့် သေချာစေရန် ကာကယံရှင်ဆီ လာရောက်အကြောင်းကြားရာ သူ့အလုပ်အောင်မြင်ခဲ့သည်။

"အဲ့ဒါ ဘယ်နေရာလဲ စိုးနိုင်"

"ပဲခူးက နယ်မြို့တစ်ခုမှာပဲ ဒေါက်တာ....ဒါပေမဲ့ သူ့ပုံကြည့်ရတာတော့ အဲ့နယ်က ဟုတ်ဟန်မတူဘူး။ အနီးနားက ရွာတစ်ရွာရွာက ဖြစ်မယ်"

"သူက အဲ့ဈေးကို ဘာလာလုပ်တာလဲ?"

"ကျွန်တော်မြင်ရသလောက်တော့ တိုက်ကြက် ဝယ်နေတာဗျ"

"တိုက်ကြက်?"

အမျှင်မပြတ်သော မျက်ရည်စီးကြောင်းများကို ပွတ်သုတ်ရင်း သံယောင်လိုက်သည်။ ထို့နောက်တစ်ဖန် ထိုဓာတ်ပုံလေးကို ငေးမောမိသည်။ ဘေးတစ်စောင်းအနေအထားဖြင့်သာ ပုံရိပ်ထင်သော်လည်း မှားစရာအကြောင်းမရှိ ၊ ကိုကို့ရဲ့ ဆံပင်စလေးမြင်ရင်တောင် မှတ်မိနိုင်တဲ့ သူ့အတွက် ဒီပုံလေးဟာ အတည်ပြုစရာမလိုအောင် သေချာသည်။ ပါးသင်ထားသော နားထင်တစ်ဖက်နှင့် တစ်ခြမ်းသာမြင်ရသော မျက်နှာချောချောက သူ့သွေးခုန်နှုန်းများကို ဆွဲညှစ်နေသည်။ နဖူးပေါ်ကျမနေတော့သော ဆံပင်ကောက်များကို လက်ညိုးထိပ်ဖြင့်သာ ဖွဖွ ထိတွေ့မိသည်။

Swamping with Intimacy (Season2)Where stories live. Discover now