အပိုင်း-(၂၀)

81.7K 8.2K 2.7K
                                    

"ကျွန်တော်တို့ရဲ့ ဒုတိယမြောက်နှစ်ပတ်လည်လေ ကိုကို။

ကိုကို ပြန်မလာဘူးနော်။

ကိုကိုမကောင်းဘူး။

ကျွန်တော် ကိုကို့ကို တစ်ညလုံးစောင့်နေတယ်။"

မနေ့ညက ထိုစာမျက်နှာလေးကို ရက်စွဲနှင့်တကွ သစ်တောဖတ်လိုက်ရသည်။ ဒါဖြင့် ဒီနေ့က သူတို့၏ ချစ်သူအဖြစ် တတိယမြောက် နှစ်ပတ်လည်နေ့။ ဒါကို သစ်တောက မနက်မိုးလင်း မျက်စိနှစ်လုံးဖွင့်ကတည်းက သတိတရရှိနေသည်။ ခက်တာက သိုက်မင်းဆက် ဆေးရုံမသွားခင် သူ့ထံလာသည် ၊ ထုံစံအတိုင်း စကားရောဖောရောနှင့် သူ့အား ရိသဲ့သဲ့လုပ်၍ သူကပြန်ဆူငေါက်သည်။ သို့ပါလျက် ထိုအကြောင်းကို စကားဟခြင်းမရှိ။ စာအုပ်တွင် ရက်စွဲများ မှားရေးထားသလားဟု သစ်တော ဇဝေဇဝါဖြစ်လာသည်။

ဖဲဝိုင်းတွင် ထိုအကြောင်းကို အတွေးရောက်စဉ် စိတ်ကမပါလှတော့။ ဆက်သည့် ပွဲတိုင်းလည်း ရှုံးသည်။ စိတ်ပျက်ပျက်နှင့် တဲအပြင်ထွက်ထိုင်ပြီး ထန်းရည်နှင့် အမဲကြော်ကို လွေးနေမိသည်။ ထိုအချိန် သူထိုင်နေသော တဲအနားသို့ စိန်လုံးက ကွတတရောက်လာသည်။ အမဲသားကို လက်ဖြင့် နည်းနည်းဖဲ့ပြီး အောက်သို့ပစ်ပေးလိုက်သောအခါ စိန်လုံးက အငမ်းမရစားသည်။

"စားပြီးပြီဆို ငါမေးတာဖြေအုံး။ မင်းက မိန်းမရပြီးသားကောင်ဆိုတော့ မင်းကိုပဲ ဆရာတင်ရတာပေါ့"

စိန်လုံးက အမဲကြော်ကို အားပါးတရစားလျက်ရှိသည်။

"ငါ့သား ၊ မင်းနဲ့ညိုမက လွန်ခဲ့တဲ့ ငါးလက ရသွားတာမလား ၊ မညာနဲ့နော် မင်းတို့ မိတ်လိုက်နေတာ ငါမြင်ပြီးသား ဟားဟား"

သစ်တောက ပြုံးစိစိ ဆက်ပြောသည်။

"ဘယ်နေ့ကရတာလဲတော့ အတိအကျမမှတ်မိတော့ဘူး။ မင်းအဲ့နေ့ကို မှတ်မိတယ်မလား? မမှတ်မိဘူးလို့တော့ ရှက်ရမ်းမရမ်းနဲ့ကွာ။ မင်းကို ခွေးပျိုဘဝကတည်းက ငါကကောင်းကောင်းသိပြီးသား။ မင်းဘယ်လောက် အချစ်ကြီးသလဲ ငါသိတာပေါ့ကွာ"

သစ်တောက ထန်းရည်ကို မော့ရင်း အပိုင်ပြောသည်။ သူသောက်နေတာကို ရေထင်ပြီး လျှာတရမ်းရမ်းလုပ်နေသည့် စိန်လုံးကို သနားသွားမိသည်။ ထို့ကြောင့် အပါးက ခွက်သေးသေးထဲ ထန်းရည်ထည့်ကာ အောက်ဆင်း၍ စိန်လုံးရှေ့ ချပေးလိုက်သည်။

Swamping with Intimacy (Season2)Nơi câu chuyện tồn tại. Hãy khám phá bây giờ