"ငါ့ကို လွှတ်ပေး .. ကိုကို့ဆီသွားမယ် ။ ကိုကို ကျွန်တော့်ကို လာကယ်ပါအုံး"
"ဆရာ .. စိတ်ကိုထိန်းပါ"
မင်းသစ်သည် သူ၏ လက်မောင်းများကို အတင်း ညှစ်ကိုင်၍ တံခါးကို ကွယ်ပိတ်ထားသည်။ အခန်းပြင်ထွက်သွားသော ကိုကို့နောက် လိုက်ရန်ပြင်သော သူသည် မင်းသစ်၏ ချုပ်နှောင်မှုများမှ မလွှတ်နိုင်ရာ ရှိပြီ။
ပြင်ပတွင်လည်း ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ် ဖြစ်ပေါ်နေလျက် ရှိသည်။
"သား ... ဖေကြီးတို့ နှစ်ယောက်လုံးက သားကို ချစ်တယ်နော် ... သားဖေကြီးက နေမကောင်းသေးလို့ သားကို အော်မိတာ .. ဖေကြီးကို ဆေးကုရမှာမို့လို့ သားက လောလောဆယ် လေးလွန်းတို့နဲ့ သွားနေအုံး နော် ... "
သူက အာကာ့လက်ထဲမှ သားကို သွက်သွက် မှာကြားရင်း သား၏ နဖူးလေးကိုပါ နမ်းလိုက်၏။ သားက ငိုမဲ့မဲ့ လုပ်နေသော်လည်း သူ့ဖေကြီးကို ကြောက်သဖြင့် လေးလွန်းဆီ မလိုက်ပါဟု ဂျစ်မတိုက်။ အာကာ့လည်ပင်းကိုသာ အားကိုးတကြီး ဖက်ထားသည်။
သားကို အာကာနှင့် လွှတ်လိုက်ပြီးနောက် သူသည် သိုက်ရှိရာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
"ကိုကို!"
အခန်းထဲရောက်သော် သိုက်သည် သူ့ရင်ခွင်၌ ဗြုန်းခနဲ တွယ်ကပ်လာသည်။ သူက သိုက်ကို ပွေ့ဖက်ပေးပြီး မင်းသစ်ကို လှမ်းကြည့်မိ၏။
မင်းသစ်မှာ ခေါင်းကို အသာ ခါပြသည်။
"ကိုကို .. ကျွန်တော့်ကို မထားခဲ့ပါနဲ့"
"အင်း မထားခဲ့ဘူး ... ကိုကိုရှိတယ်နော် သိုက်"
သိုက်ကို ကြည့်ရသည်မှာ အပူအအေး အဆိုးအကောင်း ဘာမျှ သေချာမသိသော ကလေးတစ်ဦးနှင့်ပင် တူသည်။ တစ်ချိန်လုံး "ကိုကို ကိုကို" ဟုသာ တ၍ သူမှ အပ ကျန်သူများအား မှတ်မိ ချစ်ခင်ခြင်း မရှိ။
မင်းသစ်ပြောခဲ့သော အခြေအနေရောက်ပေစွ။
သိုက်၏ လစ်လပ်သော အိပ်ရေးပျက်ချိန်များ နှင့် စိတ် မငြိမ်သက်မှုများကြောင့် သည် ကာလမှာ အကောင်းပကတိ မတည်ဆောက်နိုင်ခြင်း ဖြစ်မည်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)