အပိုင်း-(၁၁)

73.1K 7.7K 3K
                                    

ဗျင်း....ဗျင်း

စူပါကတ်အနီလေး၏ စက်နှိုးသံဆူညံညံသည် ငွေတိုးချေးစားသော ဦးပေါက်ကြီးအိမ်ရှေ့၌ မြိုင်ဆိုင်စွာ ထွက်ပေါ်နေသည်။ အထဲက မင်းသားက ဝတ်ထားသော ရှပ်၏ကြယ်သီးကို တပ်လျက်ပင် ဒရောသောပါးပြေးထွက်လာသည်။

"လွန်းအာကာ မင်းကပဲများလိုက်တာ"

"ဒီနေ့ငါ့အမျိုးသားလာမှာကွ...သူ့မျက်စိထဲ ငါအကြည့်ကောင်းဆုံးဖြစ်နေရမယ်"

ဆိုင်ကယ်ပေါ် ဆွေ့ခနဲ တက်ခွပြီး အားကြိုးမာန်တက်ပြောလိုက်လျှင် သစ်တော၏ ခွီ ဟူသော လှောင်ရယ်သံက နားထဲကန့်လန့်ဝင်လာ၏။

"မင်းအမျိုးသားနဲ့ ငါနဲ့ဆို ဘယ်သူ့ကိုပိုချစ်လဲ?ဟမ်"

ဆိုင်ကယ်ကို မထွက်သေးဘဲ အနောက်အား မေးငေါ့ပြီး မေးလိုက်သည်။ ထိုအခါ လွန်းအာကာက ဆိုင်ကယ်ဦးထုပ်ဆောင်းရင်းပင် မျက်နှာကို မဲ့ပြ၏။

"ဘယ်သူ့ကိုပိုချစ်လဲ ဟုတ်လား?"

"အေး"

"မင်းဆက်လေးကို ပိုချစ်တယ်ကွာ"

နားထင်နားက ဖြတ်ကြားလာသည့် ​ခပ်ကျယ်ကျယ်အဖြေအဆုံးတွင် သစ်တော၏ တံတောင်သည် လွန်း၏ ရင်ဘတ်ကို ခပ်ပြင်းပြင်းဝင်တိုးဆောင့်ပြီးသားဖြစ်၏။

"အား...နာတယ်လို့"

"သိုက်မင်းဆက်က ဘယ်ကပါလာတာလဲ?"

"မင်းသဝန်တိုနေတာမလား?"

"ဘောကို သဝန်တို။ မောင်းတော့မယ်...သေချာကိုင်ထား"

သတိပေးသံနှင့်အတူ ဆိုင်ကယ်နီလေးသည် သူငယ်ချင်းနှစ်ယောက်ကိုခေါ်ဆောင်၍ ခြံထဲမှ တရွေ့ရွေ့ထွက်ခွာသွားတော့သည်။

"မန္တလေးက မင်းဆိုင်ကယ်လေးတောင် ယူခဲ့မလို့။ Ship က မရလို့..."

လေတိုးသံများကို ဖြတ်ခွင်း၍ လွန်းက စကားစသည်။

"ငါ့မှာ ဆိုင်ကယ်ရှိသေးတာလား?"

"ဆိုင်ကယ်တင်မကဘူး။ မင်းမှာ ကားရော ကိုယ်ပိုင်လေယာဉ်ရော ရှိတယ်...."

သစ်တော၏ မျက်ခုံးများပင့်တက်၍ အံ့သြနေကြောင်း ဘတ်မှန်မှတစ်ဆင့်မြင်နေရသည်။

Swamping with Intimacy (Season2)Where stories live. Discover now