အပိုင်း-(၂၂)

81.5K 8.6K 3K
                                    

"ကိုကို..."

သိမ်မွေ့စွာသော ခေါ်သံငယ်ဟာ သူ့နားတွင်း သက်ဆင်းကလူသည်။ အာရုံတွေက ပြန့်ကျဲနေသဖြင့် လိုက်လံစုစည်းနေရသည်။

အဖြစ်က ခက်ချေ၏။

သူ့ ရင်ထဲ သန်မာမှုတွေကို ခဲဆွဲထားသည်။

သူ့ ရပ်တည်ချက်က အစ ပွေလှီနေသည်။

"ကိုကို..."

အသံက အနည်းငယ်အားဖြင့် တုန်ရီနေသည်။ သူ ထ မှ ဖြစ်မည်။ သူ ထကို ထမည်။ အကြောတို့က ဖျန်းခနဲ ကျင်သွား၍ သူ့ခန္ဓာကိုယ်က လျှင်မြန်စွာ ရုန်းကြွလာတော့သည်။

"သိုက်!!!!!!!!!"

ကျယ်လောင်စွာ အော်ဟစ်၍ ထထိုင်လိုက်ပြီးမှ သူ့မျက်လုံးတို့ ပွင့်မှေးလာသည်။ သူ့ကို လူတစ်ယောက်က ထိန်းပွေ့ထားသည်။ ကြည့်ရတာ သူ တစ်နေရာရာက လန့်နိုးလာသည်ထင်ပါ၏။

"ခန့်...နိုးလာပြီလား?"

ထိုလူ့ကို စောင်းကြည့်လိုက်တော့ အာကာဖြစ်နေသည်။ အာကာက သူ့တစ်ကိုယ်လုံးကို ဂရုတစိုက်ကြည့်နေတာပင်။ ရုတ်တရက်သူ့ခေါင်းထဲ ထုံထုံထိုင်းထိုင်းနှင့် နာကျင်လာသည်။ သို့သော် ထိုအနာကို သူဂရုမပြုနိုင် ၊ သူ အာကာ့ကို တစ်ခုခုပြောဖို့ အားယူနေရသည်။

"သူ...သူရော?"

"ဟင် ဘယ်သူလဲ?"

သူပြောသည်ကို အာကာ နားမလည်ပါ။ သူ ခက်ခက်ခဲခဲထပ်ပြောရသည်။

"သိုက်...ငါ့ရဲ့...သိုက်"

သူ့အပြောက ခရိုင်ခနဲ့ရှိလှသည်။ အာကာ စကားမပြန်နိုင်ခင်မှာပဲ သူကုတင်ပေါ်မှ ပြေးဆင်းဖို့ပြင်မိသည်။ ရွေ့လိုက်သော ကိုယ်သည် လက်ဖမိုးက နာကျင်မှုကို အရိုးထဲထိ စိမ့်ဝင်စေ၏။ လွန်းအာကာက "မင်းဆေးသွင်းထားတာ ၊ မလှုပ်နဲ့" ဟုပြောနေသည်။

"ဟင့်အင်း ၊ သိုက်ဆီသွားမယ် ... သူနဲ့ တွေ့ချင်တယ်"

သူရုန်းရင်းကန်ရင်းပဲ လက်က ဆေးပိုက်ကို ဆွဲဖြုတ်ပစ်သည်။ ကုတင်ပေါ်မှ ဆင်း၍ ခြေထောက်တို့ကို အားယူ လှမ်းလျှောက်သည့်အခါ အာကာက သူ့ကို အတင်းချုပ်ထားသည်။

"ခန့်ဦးရှိန်...မင်း!"

အာကာက သူ့ကို လက်မောင်းများကြားထဲ ထည့်လျက် အထိတ်တလန့်ဆိုသည်။ သူ အာကာ့ကို မျက်ရည်ပြည့်နေသော မျက်ဝန်းများနှင့် စိုက်ကြည့်လိုက်မိသည်။

Swamping with Intimacy (Season2)Where stories live. Discover now