ကားသည် အိမ်ရှေ့သို့ အဟုန် ပြင်းစွာ ဆိုက်ရောက်လာသည်။ ကားထဲမှ သူက ဆင်းလာပြီး အိမ် အဝတွင် ဖိနပ်ချွတ်သည်။
သူ ဧည့်ခန်းဆီ မရောက်ခင် အထဲမှ သားက ပြေးထွက်လာ၏။
"ဖေ"
"သားလေး .. ရုပ်ရှင် ကြည့်နေတာလား?"
သူသည် သားကို လက်ပေါ် ပွေ့ချီလိုက်၏။
"ဟုတ်"
"ဒယ်ဒီရော"
"ယေးယုရှီမာ"
သား၏ အပြောကြောင့် သူ့မှာ တွေခနဲ ဖြစ်သွားသည်။ ထို့နောက် သားကို ချီလျက်က လုယာ၏ အခန်းဆီသို့ ဦးတည်ခဲ့သည်။
အခန်းတံခါးက ပွင့်လျက်သား။ အထဲမှ လုယာ နှင့် ကိုကိုသည် စားပွဲကို ငုံ့ကြည့်ပြီး စကားပြောနေကြသည်။ စားပွဲမှာ စာအုပ်အချို့ ရှိသည်။ ကိုကိုက လုယာကို စာရှင်းပြနေသည်ဟု သူထင်မိသည်။
"ဟင် သိုက် .. ပြန်လာပြီလား?"
တံခါးရှေ့က သူ့ကို မြင်ပြီး ကိုကိုက ထရပ်သည်။ သူက ခေါင်းကို ငြိမ့်ပြလိုက်ရ၏။
"စောလိုက်တာ .. ကိုကိုက နောက်ဆယ်မိနစ်လောက်နေရင် မင်းကို ထွက်စောင့်မို့ပဲ ... "
"လူနာပါးလို့ ကိုကို .. လုယာကို စာရှင်းနေတာလား?"
"ဟုတ်တယ် .. သူ စာတွေ အမှီပြန်လိုက်နေရတယ်လေ"
ကိုကိုက လုယာကို ပုပ်သိုးသိုး ကြည့်ပြီး ပြောလျှင် လုယာက ဟီးခနဲ ရယ်ပြသည်။
"ထမင်းစားတော့မလား သိုက်"
ကိုကိုက သူ့ထံ လှမ်းလာပြီး သားကို လက်လွှဲပွေ့သည်။ သားက ကိုကို့လည်တိုင်ကို ကျစ်နေအောင် ဖက်သည်။
"သားရော"
"သူက ခုနက စားပြီးပြီ .. ဒေါ်လှ ကျွေးထားတာ "
"ကျွန်တော် အဝတ်သွားလဲအုံးမယ် ကိုကို"
"အင်း"
အခန်း မပြန်ခင် သူ လုယာကို တစ်ချက် ကြည့်မိသည်။ လုယာက သူ့ကို နှစ်လိုဖွယ် ပြုံးပြပါ၏။
•••••
"ကိုကို စား"
အကျင့်ဖြစ်နေသည့်အတိုင်း ကိုကို့ကို ဦးချပြီးမှ သူ စားသည်။ ကိုကိုကလည်း သူ ကြိုက်တတ်သော ဟင်းများကို ခပ်ထည့်ပေးသည်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)