အပိုင်း-(၆)

74.1K 7.8K 822
                                    

စိန်ပန်းနီနီများသည် ဖုန်တို့မှုန်မှုန်ထနေသော ရွာလမ်းထက်မှာ ဆေးစက်များချထားသကဲ့သို့ အနုပညာဆန်စွာ လှပနေသည်။ ကလေးငယ်စုလေးက စုတ်ချက်တို့ ဖြည့်တင်းရာ ဘေးဝန်းကျင်ဖြစ်လောက်မည်။ အဓိက ဇာတ်ဆောင်ကတော့ သူ နှင့် ကိုယ်။

အဖြူညစ်ညစ်စွပ်ကျယ် က အရည်အသွေးမြင့် Tattoo များထင်းနေသော နို့နစ်ရောင်အသားအရည်နှင့် မလိုက်ဖက်ချေ။ အညိုပုပ်ရောင်ပုဆိုးအဆုံးသတ်ရာ၌ နီရဲရဲလမ်းမထက်က ကြက်ပေါင်ဖိနပ်သည် အနှီလူသား၏ အပိုင်ရော ဟုတ်ပါလေစ။

ကိုင်ထားသော ဇီးထုပ်လေးကို ကမ်းပေးနေသော ယောက်ျားတစ်ယောက်နှင့် ခဲတောင့်နေသော ရေခဲရိုက်လူသားတစ်ဦး။ အချင်းချင်းမျက်နှာမူရင်း တစ်ယောက်အာရုံထဲ တစ်ယောက် နစ်မွန်းနေကြခြင်းမှာ စိန်ပန်းတို့က မလှလို့များလား။

"အင့်!"

လက်ထဲမှ မုန့်အထုပ်လိုက်ကြီးဟာ လမ်းနီနီပေါ် လွှတ်ကျသွားခဲ့သည်။ ကန္တာရက နှစ်ရှည် ခရီးသည်တစ်ဦး ရေစင်ကိုတွေ့သလို....ငတ်မွတ်တောင့်တခဲ့ရသော တန်ဖိုးထားရတစ်ခုကို လက်ဝယ်ရသလို အားကိုးတကြီးဖက်တွယ်ထားမှုက ရုတ်တရက်ဆန်လွန်းသည့်အတွက် သစ်တော တစ်ကိုယ်လုံး တုန်ခိုက်သွားရသည်။ နုနုနယ်နယ်ချာတိတ်လေးက သူ့ကို ဖက်ထားလိုက်တာများ အရိုးတွေ ကွဲလုချည်ရဲ့။ အသက်ရှုသံတို့ မမှန်တို့လောက်တဲ့ထိ စိတ်မနှံ့သူတစ်ယောက်လို နစ်မွန်းနေသူက သူ့ကို အရူးအမူး ဖက်လို့ထားသည်။

"ချာတိတ်!"

လည်ချောင်းထဲက အက်ကွဲလာသော အသံနက်နှင့်အတူ သူ့ကို ထွေးပွေ့ထားသည့် ကောင်ငယ်လေးဟာ ကြောက်စရာကောင်းလောက်အောင် လှိုက်ဖိုနေခဲ့သည်။ အတိအကျဆိုရလျှင် ငိုကြွေးနေခဲ့သည်။ အော်ဟစ်သံများမှ ဖွင့်ထုတ်လာသည့် ငိုမြည်းသံက သစ်တော၏ စိတ်ဝိဉာဉ်တို့ကို ကြက်သီးမွှေးညှင်းများ ထောင်ထလာစေသည်။

"ကိုကို...ကျွန်တော့်ရဲ့ ကိုကို...."

အတက်အကျမမှန်တော့သော ကိုယ်ဟာ နိမ့်ချည်မြင့်ချည် ထွန့်ထွန့်လူးနေသည်။ ပြန်မထွေးပွေ့နိုင်လောက်အောင် သစ်တော ကြောက်ရွံ့မိသည်။

Swamping with Intimacy (Season2)Onde histórias criam vida. Descubra agora