အပိုင်း-(၂၇)

87.1K 7.8K 1.3K
                                    

Mature Scenes Alert

ရေမိုးချိုးပြီး အဝတ်ဝတ်မယ်ကြံကာမှ ဗီဒိုလက်ကိုင်ပေါ်က သူ့လက်ချောင်းများက မရွေ့ချင်တော့။ အကန့်ထဲက ညဝတ်တွေကို တွေခနဲကြည့်ပြီး ကုတင်တွင် တင်ပုလွှဲ ဝင်ထိုင်ဖြစ်သည်။ မင်းဆက်၏ ခန္ဓာကိုယ်တွင် ရေလဲပုဆိုးတစ်ထည်နှင့် ပုခုံးက တဘက်အပြာရင့်ရောင်ကလေးသာ ရှိသည်။

အိပ်နေသော ကိုကိုက ကုတင်ပေါ်တွင် ပိုးလိုးပက်လက်။ ချည်စောင်သည် ကိုကိုကန်ချွတ်ထားသဖြင့် ကုတင်စွန်းတွင် ပုံ၍ လူနှင့် လွတ်နေသည်။ မင်းဆက် ကိုကို့ကို ငဲ့ကြည့်လိုက်ချိန် ကိုကို၏ ခါး၌ ခါးပုံစပြေကျနေသော ပုဆိုးကို ဒီတိုင်းဝတ်ထားလျက်ရှိတာ တွေ့ရသည်။ ချထားသော လက်ဖျားနှင့် မှီရာ ပုဆိုး၏ အောက်စကို မင်းဆက် အသာလေး ဆွဲယူလိုက်မိသည်။

ပြတင်းပေါက်ဖွင့်ထားသော အခန်းငယ်ထဲသို့ လေပြည်များက ဟူးဟူးရိုင်းရိုင်း တိုးပြေးလာကြသည်။ မင်းဆက်၏ လက်ဖျားလေး နောက်တွင် ကိုကို့ပုဆိုးသည် ခါးမှ အောက်သို့ တဖြည်းဖြည်း ကျဆင်းနေဆဲရှိသည်။

လက်ချောင်းများကြားထဲ အကုန်ပါသွားသော ပုဆိုးသည် လေတစ်ချက်အဝှေ့မှာ တွန့်ခနဲ လူးသွားသည်။ မင်းဆက်၏ ရင်ထဲတွင်လည်း နူးညံ့သော လှိုင်းများက ရုန်းကြွစွာ ပုတ်ခတ်နေလျက် ရှိသည်။

ဒူးထက် ဘောင်းဘီတိုအနီသည် ဖြူဆွတ်သော အသားအရည်ထက် ထီးထီးကျန်ရှိ၏။ ဒူးနှစ်ဖက်ဟာ နီဖွေးနေလျက် ခြေသလုံးရှိ အမွှေးအမျှင်တို့က ယောက်ျားဆန်စွာ လှပသည်။ မမြင်ဖူးတာ မဟုတ်သော ခန္ဓာကိုယ်ကို မင်းဆက်မှာ ကြည့်လို့မဝ။ မရောင့်ရဲနိုင်သော စိတ်ဖြင့် သူသည် ကုတင်ပေါ်သို့ တက်ကာ ကိုကို့အနား ထိုင်လိုက်မိ၏။

ထို့နောက် မင်းဆက်၏ လက်ချောင်းများသည် ဖြူနုသော ဒူးဆစ် အထက်နားသို့ ခုန်ဆင်းသွားသည်။ လက်ချောင်းထိပ်ကလေးများက ကိုကို့၏ အသားအရည်ထက်တွင် တယုတယ သက်လျောင်းနေခဲ့သည်။

လက်ဖျားသည် ပေါင်တံမှ တစ်ဆင့် ဘောင်းဘီအောက်ထဲသို့ လျှိုဝင်သွားမိသည်။ အညိုရောင် မျက်ဝန်းများက ညအလယ်တွင် တဖျတ်ဖျတ်တောက်နေခဲ့၏။

Swamping with Intimacy (Season2)Where stories live. Discover now