ကိစ္စကို တိုင်ပင်သည့်အခါ၌ မင်းဆက်က ကလေးကို လုံးဝ ကိုကို့သွေးသားပါရမည် ဟု သတ်မှတ်သည်။ ကိုကိုက ငြင်း၏။
အဓိကက ကလေးအပေါ် ဇီဇာကြောင်သည် မဟုတ်ဘဲ သူ့အတွက် စိတ်မကောင်းခြင်းပင်။
ကိုကို ဆန္ဒရှိ၍ ဒီကိစ္စကို အကောင်အထည်ဖော်တာ ဖြစ်သဖြင့် ကိုကို ပျော်ဖို့ သူဦးစားပေးရမည်။ တစ်ဖက်တွင်လည်း သူ့အတ္တက ကိုကို့သွေးသားကို လိုချင်ပြန်သည်။
ဘယ်လိုကလေးပဲဖြစ်ဖြစ် ချစ်မည်မှန်သော်လည်း ကိုကို့ကိုယ်ပွားလေး ဖန်တီးနိုင်သည့် အခွင့်အရေး ရှိနေသည်ကို ဘယ်လို အကြောင်းပြချက်နှင့် လက်လွှတ်ရမည်နည်း။
ဤသို့ဖြင့် နောက်ဆုံး သူတို့နှစ်ဦးလုံးအတွက် အဆင်ပြေမည့် နည်းလမ်းကို အချိန်ပေး တွေးထုတ်ရသည်။
•••••
"ဟေ့ ... မင်းထက်"
မိဘအိမ် မသွားခင် မေကြီးတို့အတွက် လက်ဆောင် တစ်ခုခုဝယ်ရန် အိမ်နားက 24hrs store ကို ဝင်စဉ် မင်းထက်နှင့် ဆုံသည်။ မင်းထက်က လက်မှာ အမည်းရောင် ကြွပ်ကြွပ်အိတ်ထုပ်ဆွဲ၍ သူ့ရှိရာ စင်ဖက်ပြေးလာသည်။
"ကိုကြီး ... အိမ်သွားဖို့လား?"
သူ ခေါင်းညိမ့်ပြရင်း မင်းထက်လက်ထဲက အထုပ်ကို ကြည့်မိသည်။
"ဘာတွေ ဝယ်နေတာလဲ?"
"မေကြီး Period ဖြစ်နေလို့ pad လာဝယ်တာ"
"ဟာ ... ခုနေသာရဲ့လား?"
"နေသာပါတယ် ... ဒါပေမဲ့ ဗိုက် နည်းနည်းအောင့်နေလို့ ကျွန်တော် မီးဖိုခန်းဝင်နေရတယ်"
မေကြီးက ဖေကြီး နှင့် ဆယ့်ခြောက်နှစ်ကွာသည့်အပြင် မင်းဆက်နှင့် ဆယ့်ရှစ်နှစ်သာ ကွာသည်။ မေကြီးက ဆယ်တန်းတွင် ကိုယ့်ထက် အသက်များစွာ ကြီးသော အိမ်နီးချင်း ဖေကြီးနှင့် ချစ်ကြိုက်ခဲ့သည်။ ဒါကို သိသွားသော ဘွားဘွားက နိုင်ငံခြားပို့မည် စီစဉ်သဖြင့် ဆယ်တန်းပြီးသော ညမှာပင် သူငယ်ချင်းအိမ်သို့ ခိုးပြေးခဲ့သည် ဆို၏။
ဦးသိုက်ညွှန့်တို့ သည်းသည်းလှုပ်တာလည်း မဆိုနှင့် ၊ မေကြီးက ခုထိ အရွယ်တင်ဆဲပင်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)