အပိုင်း-(၄၇)

67.5K 6.5K 824
                                    

သား မျက်လုံးလေး မြင်ရသော အချိန်၌ ခန့်ဦးရှိန်တစ်ယောက် ဆုထူး ပေါက်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ခံစားလိုက်ရသည်။ သူသည် သား၏ မျက်လုံးအရောင်ကလေးကို အမြဲ စိတ်ကူးယဉ်နေခဲ့သည်။ ဘယ်လိုလေးဖြစ်ဖြစ် ချစ်မည် မှန်သော်လည်း သူ မြတ်နိုးသော သိုက်၏ မျက်ဝန်းများကို သားမှာ ရှိစေချင်ခဲ့သည်က ငြင်းမရသော အချက် တစ်ခု ဖြစ်ပေသည်။

ကံတရားက ခန့်ဦးရှိန်အတွက် ရှိနေခဲ့ပါ၏။

သား၏ မျက်ဝန်းလေးများက ကြီးမား ကျယ်ပြန့်ပြီး ရွှန်းစိုနေကြသည်။ အညိုရောင် တောက်တောက် မျက်ဆံများနှင့် ယောက်ျားဆန်သော မျက်တောင်စိပ်များကို သားက  ပိုင်ဆိုင်၏။ သူ့ကို မျက်လုံးရွဲကြီးဖြင့် တဝင့်ဝင့် ကြည့်စဉ်တိုင်း သူ့ရင်မှာ သားကို ပေါက်ထွက်မတတ် ချစ်မြတ်နိုးရသည်။

သားသည် လူချောကလေးပင် ဖြစ်သည်။ ဖခင်နှစ်ဦးထက် ပိုပြီး ချောခန့်မည့် အလားအလာသားမှာ ရှိသည်။

"ကိုကို ... ဂိုဂိုးက ကျွန်တော်တို့ကို ရယ်မပြသေးဘူးနော်"

သိုက်က သားကို နို့ဗူး တိုက်နေရင်းက သူ့ကို လှမ်းပြော၏။ သူက သား၏ အနှီးများကို ခေါက်စီပြီး သိုက်တို့ဆီ လှမ်းလာ၏။

အနှီးထုပ်လေးထဲက သားသည် နို့ဗူးကိုသာ အာရုံစိုက်ကာ မျက်တောင်လေးတွေ စင်းနေ၏။ သား၏ လှုပ်စိ လှုပ်စိ ပါးဖောင်းဖောင်းလေးကို သူ တို့ကြည့်သောအခါ သားက ဆတ်ခနဲ မျက်လုံး လှန်ကြည့်သည်။

ကလေးက ငယ်ပေမဲ့ တုံ့ပြန်မှု မြန်သည်။

"ရယ်မှာပါ သိုက်ရဲ့ ... မင်းသားက အစားပုပ် ... သူ အစာစားနေတုန်း နှောင့်ယှက်လို့ ငါ့ကို လူမိုက်ကြည့် ကြည့်နေပြီ ဒီမှာ"

သိုက်က ရယ်ပြီး သားကို သေချာ ငုံ့မိုး ကြည့်နေသည်။ အရယ်အပြုံးပင် မလုပ်သေးသည့် ကလေးပေါက်စလေးက သည်လောက် အူ အသည်းယားစရာကောင်းမှန်း အရင်က ခန့်ဦးရှိန် မသိခဲ့။ သူသည် သွေးသားကို ချစ်သော ဖခင်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြီပင်။

ဘန်ကောက်မှာ ပြုစုပြီး ထပ်မံ သိလိုက်ရသည်က သားဟာ အင်မတန် ဆိုးသည်။ ဗိုက်ဆာသည့် အချိန်မျိုးမှာ အချို့ ကလေးများလို သူ့လက်မလေးသူ တပြွတ်ပြွတ်စုပ်နေမည်ထင်လျှင် ဂိုးခန့်ဆက်ရှိန်တို့က နိုး။

Swamping with Intimacy (Season2)Where stories live. Discover now