နောက်တစ်နေ့ အဖေ့အိမ်သို့ သွားပြီး လက်ထပ်မဲ့အကြောင်းကို အသိပေးဖြစ်သည်။ လူကြီးကို မပြောဘဲ လုပ်လို့မရသည့် ဘဝနှင့် ချီသော ကိစ္စဖြစ်သည့်အတွက် အိမ်ထိ တကူးတက သွား၍ ဆွေးနွေးခြင်းဖြစ်လေသည်။ ကိုကိုကတော့ မျက်နှာပူသည်ဆို၍ မလိုက် ၊ သူရှက်လို့ဖြစ်မပေါ့လေ။ သူနှင့် ကိုကိုမှာ ကိုကိုက အကြီးဆိုပေမဲ့ သူက ပိုဝါကြီးနေတဲ့အဖြစ်ကို ကိုကိုကိုယ်တိုင်အသိပေ။ ဒါ့ပြင် ကိုကိုက အရင်ကတည်းက ဒီလိုကိစ္စမျိုးတွေမှာ အရှက်သည်းတတ်သည်။
အဖေက ထုံးစံအတိုင်း ငွေကူဖို့ပဲ တုံ့ပြန်သည်။ ငြင်းဆန်တာတော့ မရှိပါ။ လိုချင်တာ အကုန်ဖြည့်ဆည်းပေးသည့်တိုင် ဂရုစိုက်ပေးဖို့ မေ့လျော့မြဲ ဖြစ်သည်က အဖေ့ရဲ့ ချစ်ပုံချစ်နည်းဆိုတာ မင်းဆက် တဖြည်းဖြည်း နားလည်လာရသည်။ ကိုကို နှင့် ဒီနေရာမှာ လွတ်ခဲ့သည် ထင်၏။ ကိုကိုကကျ တယုတယ ဂရုစိုက်ပေး နွေးထွေးပေးတာမျိုးကို လိုချင်သည်။ အဖေ့ဖက်ကကျ ကိုကို့အနေနဲ့ အဲ့လိုမေတ္တာကို မလိုအပ်ဟု ယူဆသည်။ ကိုကို့သဘောက အပေါ်ယံနေထိုင်မှုအရ ကြမ်းရှသည်မဟုတ်လား။ တကယ်တမ်းကျ ကိုကို့နှလုံးသားက နူးညံ့ပါသည်။ အချစ်ခံချင်သည်။ ဂရုစိုက်ခံချင်သည်။ ဒါကို ထွင်းဖောက်မြင်နိုင်တာက မင်းဆက် တစ်ဦးတည်းသာ ရှိလေသည်။
ပွဲအတွက်ကကျ မြန်မာလိုဆောင်တာမျိုးကို အလျှင်ပယ်ရသည်။
ဒါသည် အရေးကြီးသော ဖေကြီး၏ ခွင့်ပြုချက်ကို ဖယ်ထုတ်ထားသည့် ပွဲ။ မင်းဆက် နှင့် ကိုကို့အလိုကျ စီမံထားသည့် ပွဲ။ ထို့ကြောင့် မြန်မာဆန်ဆန် ခန်းမတွင် ကျက်သရေခေါင်းပေါင်း ဘိသိက်ဆရာကစသော ရိုးရာအစဉ်အလာများနှင့် ဆောင်ယူခြင်းအောက် မယှက်နွယ်စေချင်ပါ။
ဤသို့ဖြင့် မေကြီးရယ် ၊ သူရယ် ၊ အဖေရယ် ၊ ကိုကိုရယ် လေးယောက်သား တစစ ဆွေးနွေးရင်းက ဖြစ်လာသည့် ယောက်ျားလေးနှစ်ယောက်၏ မင်္ဂလာပွဲသည် မနက် ဆွမ်းကျွေး နှင့် ညပိုင်း Dinner အဖြစ်သာ အပြီးသတ်သည်။
ဆွမ်းကျွေးသည် နှစ်ဖက်မိဘအသိုင်းအဝိုင်းများနှင့် လူကြီးတွေ အကြိုက် ရိုးရိုးရှင်းရှင်းလုပ်ဖို့စီစဉ်ထားသည်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)