အပိုင်း-(၃၇)

75.3K 7.2K 2.6K
                                    

Mature Scenes Alert

"သိုက် ငါတော်တယ်မလား?"

"မတော်ပါဘူး"

"ဘာပြောတယ်!!!"

ပွဲပြီးခါနီးအချိန် ဧည့်သည်ပါးလာသဖြင့် စင်အောက်တစ်နေရာတွင် သူတို့နှစ်ဦး ခပ်ကြိတ်ကြိတ် တွတ်ထိုးနေကြသည်။

သူက ပါးစပ်ကို အသာဟပြ၍ ...

"ဟာ Surprise!!! အဲ့လောက်ဆို တော်ရောပေါ့ .... ကိုကိုကဟာက လွန်ရော ကျွံရော"

"မင်းခိုင်းလို့လဲ ငါက သရုပ်ဆောင်ပြရသေးတယ် ... အားလုံးရှေ့ ပီပြင်အောင်တော့ လုပ်ရတာပေါ့ကွ "
 
"ဘာမှမပီပြင်ဘူး"
 
"ဘာပြောတယ်!!!!"
 
ဂွက် ... ဂွက် ....
 
ခေါင်းပေါ် ဆင့်ကျလာသော လက်သီးဆုပ်ကြောင့် မင်းဆက် ဇက်ပင် ပြန်ထောင်မရ။ နှစ်ချက်တီးအပြီး အလှစ်၌ ဆယ့်နှစ်မျိုးသိုင်းကွက်ဖြင့် ထပ်အခေါက်မခံစေရန် ခေါင်းကို ဘယ်ညာ ရှောင်ရရှားရတော့သည်။
 
"ကိုကို နာတယ်လို့ ... "
 
"နာသေ"
 
"ကျွန်တော်က စ တာပါ .... ကိုကိုက တကယ့်အကယ်ဒမီရှော့ပဲ ဟင်းဟင်း"
 
သူက ကိုကို့လက်သီးကို လျှင်မြန်စွာ ဖမ်းဆုပ်ကာ စကားရောဖောရော ကပ်ဖားရသည်။ ထို့နောက် လက်ထဲက ပန်းစည်းကို သုန်မှုန်နေသော ကိုကို့မျက်နှာရှေ့ ပြလိုက်ရင်း ...
 
"ပန်းစည်းပစ်တော့လေ ကိုကို ... "
 
"အေး ဟုတ်သားပဲ"
 
ပန်းစည်းပစ်မည့် အစီအစဉ် ရောက်သည့်အခါ ဟန်သွေးက မိုက်ဖြင့် ဦးစွာ ကြေငြာပေးသည်။ ပြီးလျှင် ကိုကိုက စင်ပေါ်တွင် ကျောပေးရပ်လျက် လက်ထဲက ပန်းစည်းကို လေထဲသို့ မြှောက်ပစ်လိုက်လေသည်။
 
ဝိုင်းဖမ်းကြသော လူရွယ်များအုပ်စုသို့ မင်းဆက် မျက်လုံးရောက်သွားချိန်၌ ပန်းစည်းရရှိသူက လူလုံးထွက်သွားပြီ ဖြစ်သည်။
 
"ဟင် ... ဆရာ"
 
နှင်းဆီပန်းစည်းသည် မိုးပြာရောင် Suit ဖြင့် တည်ကြည်နေသော ဆရာထင်ဆန်းနိုင်၏ လက်တွင်းဝယ် ဖြစ်သည်။
 
••••••

"အဲ ... "

ပန်းစည်းဖမ်းရန် သူ့အပါး ဝိုင်းဖွဲ့ပြေးကပ်လာသော ကလေးများကြောင့် ထိုအစု၏ အနောက် ထွက်ရပ်နေလိုက်သည်။ တကယ်တမ်း ပစ်ကြမည်ဆိုသည့် လှုပ်ရှားမှုနောက် ရုတ်တရက်ပင် သူ့မျက်စိရှေ့ ပစ်ဝင်လာသော ပန်းစည်းအား အောက်မကျစေရန် လှမ်းဖမ်းလိုက်
ရသည်။ ပြီးမှ Hall တစ်ခုလုံး၏ အကြည့် သူ့ထံ ရောက်ရှိနေသည်ကို သတိထားမိသွားသည်။

Swamping with Intimacy (Season2)Where stories live. Discover now