အပိုင်း-(၅၁)

63.4K 6.5K 944
                                    

ဝုန်း ..

ပစ်ချလိုက်သော အဝတ်ထုပ်၏ ဟောင်းနွမ်းမှုထက် ပို၍ အရောင်ကျနေသည့် မျက်နှာ။

အဝတ်အစားမှာ မှိန်ဖျော့ပြီး ဆံပင်များမှာ မလှမပ ရှည်ညိုနေပြီ။

အားနည်း ငြိမ်သက်သော မျက်ဝန်းများသည် ကူကယ်ရာမဲ့ ခရီးသည် တစ်ယောက်နှယ် စွမ်းခြင်း မရှိ လွင့်ပါးနေ၏။

နောက်ဆုံး တစ်ခေါက် မြင်ရသည်နှင့် ကွဲပြားလွန်းစွာဖြစ်သော ညီငယ်ကို ခန့်ဦးရှိန် ငေးနေမိသည်။

"မန္တလေးရောက်ဖို့ ဒီကောင့်ကို မနည်း ဆွဲခေါ်လာရတာ ... "

ဆရာ ထင်ဆန်းနိုင်က ဒေါဖြင့် ပြောသည်။

"ရွာမှာ ဘာအလုပ်မှ ရေရေရာရာ မလုပ်တော့ဘူး .. ဒီနှစ်တွေမှာ ပိုဆိုးလာတယ် ... ကျောင်းလဲ နားထားတယ်"

"စောင်းလုယာ!!!"

ကိုကိုက မျက်လုံးပြူးပြီး ထအော်သည်။ တစ်ခါမျှ မမြင်ဖူးသော လုယာကို သားက သူ့ပေါင်ပေါ်မှနေ၍ စိတ်ဝင်တစားကြည့်နေခဲ့သည်။

"မင်းညီကို မင်းဆုံးမမှ ဖြစ်မယ် ခန့်ဦးရှိန် ... ငါလဲ မနိုင်တော့ဘူး"

ဆရာ ထင်ဆန်းနိုင်က ဤမျှ ပြောပြီး အခန်းထဲ ဝင်သွားခဲ့သည်။ သူက သည်နေရာမှ ထွက်သွားရမလား တွေးသည်။ ကိုကိုနှင့် လုယာကို အချိန်ပေးရန် ဖြစ်သည်။

အို .. သည်လိုတော့ သူ ရှောင်ပေးစရာ မလို။ မလိုပါ။ သူက ကိုကို၏ ကာမပိုင်ခင်ပွန်းဖြစ်သည်။ သို့ဖြစ်၍ ကိုကို့ကိစ္စများက သူနှင့် ဆိုင်သည်။

"မင်း ဘာလို့ ဒီလိုဖြစ်နေတာလဲ လုယာ"

ကိုကို့အသံမှာ ညီငယ် အတွက် ကရုဏာ ပါသည်။ လုယာက ဖျော့သော မျက်ဝန်းများဖြင့် မော့ကြည့်သည်။

"ကျွန်တော် စိတ်ဆင်းရဲလို့ ကိုသစ်"

"အေး ... မင်းက ဘာစိတ်ဆင်းရဲစရာရှိနေလို့လဲ"

လုယာက ကိုကို၏ အမေးကို မဖြေ။ ညိုကြမ်းကြမ်း သူ့ဆံပင်များကို လက်ထိုးထည့်၍ ဖွနေသည်။ ထိုနှစ်ဦးနှင့် ကွဲပြားသော သူသည် မဆီမဆိုင် မလုံမလဲ ဖြစ်ရကာ ရင်ခွင်ထဲမှ သား၏ ပုခုံးလေးကို အားထည့်၍ ဆုပ်လိုက်မိသည်။

Swamping with Intimacy (Season2)Donde viven las historias. Descúbrelo ahora