အပိုင်း-(၃၈)

70.7K 6.5K 1.3K
                                    

"သိုက် ထိုင်နေ ... ကိုကိုသွားလိုက်မယ်"

အိမ်ပေါက်ဝက အသံကြားသဖြင့် ထရန်ပြင်နေသော သူသည် ကိုကို့အလိုကျ ဆိုဖာပေါ် ပြန်ထိုင်လိုက်သည်။ TV ကြည့်ရင်း ကိုကို ပြုတ်ပေးထားသော ဆန်ပြုတ်ကို စားနေဆဲ တံခါးထံက ဆူဆူညံညံ အသံတွေ ကြားရလေတော့သည်။

အထူးသဖြင့် ကိုကို၏ ကျိန်းမောင်းသံပင်။

"မင်းတို့ကို ငါ Wedding အမှီလာမပို့ခိုင်းဘူးလား ဘယ်လိုဖြစ်လို့ တစ်ရက်လွန်သွားရတာလဲ?"

ကိုကို့ အသံက လိုတာထက် ပိုမို ပြင်းထန်ကျယ်လောင်နေသည်။ မင်းဆက် ထရပ်၍ တံခါးပေါက်သို့ လှမ်းသွားလိုက်သည်။

"လုပ်လိုက်ရင် သေကုန်တော့မယ် .... ငါဘယ်သူလဲဆိုတာ မသိကြဘူးလား"

ကိုကိုသည် သူ့ရှေ့က Uniform ဖြင့် ခေါင်းငုံ့နေသော ကောင်လေးသုံးယောက်ကို လက်မရွယ်ရုံတမယ် ဆဲဆိုနေသည်။

"အဲ .... ကိုကို ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ဘူး ပေး ... မင်းတို့ ပြန်တော့ ၊ ဝန ကို ပြန်ပြောလိုက် ခန့်ဦးရှိန်က မင်းတို့ Service ညံ့တယ်လို့"

ကောင်လေးတစ်ယောက်၏ လက်ထဲက ကတ္တီပါဗူးအနီကို ကိုကိုက ဇက်ခနဲ ဆွဲယူသွားသည်။ ဝန ဆိုသော ရွှေဆိုင်ပိုင်ရှင်က ကိုကို့ စီးပွားဖက် မိတ်ဆွေတစ်ဦးဖြစ်ကြောင်း မင်းဆက်သိထားသည်။

ဧည့်ခန်းထဲသို့ ဇိုးဇိုးဇက်ဇက် ဝင်သွားသော ကိုကို့နောက် သူ လိုက်ရသည်။ ကိုကိုက Sofa တွင် ဆောင့်ထိုင်ချ၍ ကတ္တီပါဘူးကို ဖန်စားပွဲပေါ် ပစ်တင်လိုက်သည်။

"ကိုကို ဘာဖြစ်လို့လဲ?"

"မင်းကို ထိုင်နေလို့ ငါမပြောဘူးလား?"

"ဟို ... "

"လာ ထိုင်"

သူက ကိုကို့ဘေး ဝင်ထိုင်ရသည်။ ကိုကိုက သူ့ဖက် ကိုယ်ကို လှည့်၍ ဆိုဖာအောက်ချထားသော သူ့ခြေထောက်ကို ဆွဲမသည်။ ချည်သားဘောင်းဘီရှည်အပြာဝတ် ခြေထောက်တစ်ဖက်ကို ကိုကိုက သူ့ပေါင်ပေါ် တင်စေ၏။

ထို့နောက် စားပွဲပေါ်က ကတ္တီပါဗူးကို ယူ၍ ဖွင့်နေသည်။ အနီရောင်ဘူးအောက်ခံထက်က ရွှေရောင် Foot chain က သေးသေးမျှင်မျှင်ကလေး ဖြစ်သည်။ ကိုကိုက ထိုအရာကို ယူ၍ မင်းဆက်၏ ညာဖက် ခြေကျင်းဝတ်၌ ကိုယ်တိုင်ပတ်ချည်ပေးနေသည်။

Swamping with Intimacy (Season2)Where stories live. Discover now