အပိုင်း-(၂၅)

84.8K 8.4K 1.7K
                                    

"ကြီးလာတော့ ဝက်သားဒုတ်ထိုးရောင်းတဲ့ ပေါက်ဖော်ကြီးနဲ့တူသွားတယ်"

"ဟာ ... ကိုကိုနော်"

သိုက်သည် သူ့အား စိတ်ဆိုးသလို မျက်ခုံးများတွန့်ကြည့်၍ နီးစပ်သော ဗိုက်ပြင်ကို လက်သီးဖြင့် အားမပါစွာ ထိုးနှက်ရာ သူ့မှာ ရယ်၍သာ နေရတော့သည်။

"စတာပါကွာ ၊ ငါ့ခွေးပေါက်လေးက အများကြီးချောပြီး ယောက်ျားပီသတယ် ... မတွေ့ရတဲ့ အတောအတွင်းမှာတောင် အရပ်ပိုရှည်လာသလိုပဲ ၊ မင်းဆင်နှာမောင်းကို စမ်းကြည့်အုံးမယ်"

"အိုး ... ကိုကို မလုပ်နဲ့!"

နောက်တောက်တောက်နှင့် သိုက်၏ ဘောင်းဘီဂွကြားထဲ လက်ထည့်သောအခါ သိုက်က သူ့လက်ကို ပြန်ဆွဲ၍ တအား အော်ပါတော့သည်။ ထို့နောက် စိတ်လိုလက်ရဖြစ်သော သူ့ရယ်သံများကြားတွင် သိုက်၏ ပါးကလေးက ရဲနီသွားလေ၏။

လေပြည်နု သည် သူတို့ နှစ်ယောက်ထံ ပြာကလူးဆန်စွာ ဝေ့ပြေးလာသည်။ အေးခနဲ ၊ အေးခနဲ ဖြစ်သွားသောကြောင့် သိုက်က ပေါင်ပေါ်ခေါင်းအုံးနေလျက် သူ့ခါးကို တရစ်ရစ် ဖက်တွယ်လာ၏။

ရောက်တတ်ရာရာပြောနေရင်းမှ ခန့်ဦးရှိန် အရေးကြီးတာကို သတိရမိသည်။ သူ သိုက်အား ထိုအကြောင်းပြောရမည် ၊ မဟုတ် မေးရမည်။

"မင်းကျန်းမာရေးကောင်းရဲ့လား?"

သိုက်က ချက်ချင်းပြန်ဖြေသည်။

"ကောင်းပါတယ် ကိုကို ၊ ကျွန်တော် ကျန်းမာရေးကောင်းပါတယ်"

"စိတ်ကျန်းမာရေးကို မေးတာ"

အလျှော့မပေးသော သူ့အမေးကို သိုက်က မျက်မှောင်တို့ကို တွန့်၍ တုံ့ပြန်ပါသည်။

"ကောင်းပါတယ်ဆိုဗျာ ... "

လေသံက စိတ်မရှည်သလိုပင် ဖြစ်လာ၏။

"မလိမ်နဲ့ ... မင်းငါ့ကို လိမ်လို့မရဘူး"

သူ့အသံမှာ ပုံမှန်စကားပြောလျှင်တောင် သူများထက် ကျယ်လောင်လှသဖြင့် ယခုတွင်မူ ပို၍ မာထန်ကာသွားသည်။ သိုက်က အဆူခံလိုက်ရသော ကလေးတစ်ယောက်နှယ် ဂယောက်ဂယက်ဖြစ်၍ သူ့စွပ်ကျယ်အစွန်းကို လက်ဖြင့် ဆုပ်ကိုင်ထား၏။

Swamping with Intimacy (Season2)Donde viven las historias. Descúbrelo ahora