အပိုင်း-(၄၂)

65.3K 6.8K 1.2K
                                    

ဒုန်း ... ခလွမ်း .... ဒုန်း

"ဟ"

လင်းထက်သူ ကျောင်းသားများ၏ အဖြေအချို့ကို စစ်နေဆဲ အခန်းပြင်က ထွက်လာသော ပစ္စည်းကျကွဲသံများ။ ထို့နောက် ဆဲဆိုသံများကိုပါ ဆူညံစွာ ကြားလာရသည်။ အပြင်မှာက လွန်း နှင့် ခန့်ဦးရှိန်သာ ရှိသည်။ စိုးရိမ်စိတ် နှင့် ထိတ်ထိတ်ပြာပြာ ဖြစ်သွားကာ ဧည့်ခန်းထဲ ပြေးဝင်လိုက်လျှင် ...

ဝှီး ...

ခေါင်းအုံးပျံက ရှောင်ရန် အချိန်မရှိသော သူ့မျက်နှာတည့်တည့်သို့ ပြေးဝင်သည်။ ရွဲ့စောင်းသွားသော မျက်မှန်ကို ပြန်တပ်ရင်း ဧည့်ခန်းတစ်ဝှိုက် အနေအထားကို စူးစမ်းရသည်။

မြတ်စွာဘုရား။ ဆိုဖာပေါ်၌ နှစ်ကောင်းသား နစ်ဝင်မတတ် အသည်းအသန် ထိုးကြိတ်နေကြပါသော လွန်းအာကာ နှင့် ခန့်ဦးရှိန်ပင် ဖြစ်သည်။

သူတစ်ပြန် ကိုယ်တစ်ပြန် ထိုးနေကြသည့်ထဲ လွန်းက အောက်ရောက်နေသဖြင့် လင်းထက်သူ ပိုပြီး ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။

"ဒီမအေ-ိုးတော့လား !!"

ခွပ် ... ခွပ် ...

"ဟာ ... ဟိတ် !! ဟိတ် !!!"

အမြန်ပြေးကာ နှစ်ယောက်လုံးကို ဆိုဖာပေါ်က ဆွဲချရသည်။ ဒါကို ချက်ချင်းထပြီး မတ်တပ်ရပ်လျက် နာရင်းတွေ ချကာ ထိုးနှက်နေကြသည်။

မုန်ယိုနေသည့် ကျားနှစ်ကောင်ကဲ့သို့ ပြင်းထန်သော သည်ပွဲကို ခြံပြင်က အစောင့်ကောင်လေးက မြင်ပါလျက် ဝင်မဆွဲဘဲ ကြောင်နန ကြည့်နေသည်။

"ဟေ့ကောင်တွေ တော်တော့ !!! အပြင်က မောင်မြင့် လာပါအုံးဟ"

နှစ်ယောက်ကြား အတင်းဝင်ကာ အကြီးပီပီ သူတားနေစဉ် ခန့်ဦးရှိန်၏ လက်သီးက သူ့နောက်စေ့သို့ အုန်းခနဲ။

"အာ့"

လွန်း၏ လက်သီးချက်များကလည်း သူ့ပုခုံးကို ကျော်ကာ ကျော်ကာ လွင့်သည်။

သူငယ်ချင်းနှစ်ယောက်ကြား ရုန်းရင်းဆန်ခတ် ဗလုံးဗထွေး ဖြစ်နေသဖြင့် မျက်မှန်သည်လည်း ဘယ်ဆီ ပေါက်လို့ ဘယ်ဆီ ရောက်မှန်းမသိ။ သူ့မှာ မှုန်ဝါးဝါး ယောင်နန တားနေရသည်။

Swamping with Intimacy (Season2)Where stories live. Discover now