"ဂိုးခန့်ဆက်ရှိန်။ မင်း အခုလာခဲ့စမ်း"
လွန်းအာကာ၏ အိမ်ထဲသို့ ဒုန်းစိုင်း ဝင်လာသော ခန့်ဦးရှိန်မှာ ဒေါသပုန်ထ၍ အော်ဟစ်လျက်ပင်။ ဧည့်ခန်းထဲမှ ဂိုးခန့်ဆက်ရှိန်ခမျာ သူ့ ဒယ်ဒီ အသံကို ကြားသည်နှင့် လွန်းအာကာနားသို့ ပိုကပ်သွားသည်။
"လေးလွန်း .. ဒယ်ဒီ အရမ်းစိတ်တိုနေမလားမသိဘူး"
"ဘာမှမဖြစ်ဘူး သား။ မင်းဒယ်ဒီအကြောင်းသိလျက်နဲ့၊ ခဏ သွေးပူတာပဲ ဖြစ်မှာ"
ဧည့်ခန်းထဲသို့ ခန့်ဦးရှိန် ရောက်ရှိချိန်တွင် ဂိုးဂိုးတစ်ယောက် နေမတတ်၊ ထိုင်မတတ်။ ခန့်ဦးရှိန်က နီရဲနေသော မျက်လုံးများနှင့် ဆိုဖာပေါ်က ဂိုးခန့်ဆက်ရှိန်ကို စိုက်ကြည့်သည်။ ထို့နောက် ခြေလှမ်းကျဲများနှင့် လှမ်းလာကာ ခြေထောက်ကို ဆွဲမပစ်၏။
"အား ဒယ်ဒီ ဘာလုပ်တာလဲ"
"ဘယ်နားမှာလဲ။ မင်း လုပ်လာတာ ဘယ်နားမှာလဲ"
"ခန့်။ မင်း ကလေးကို တအားမလုပ်နဲ့လေ"
လွန်းအာကာ တားနေသည့် ကြားမှ ခန့်ဦးရှိန်သည် ဂိုးခန့်ဆက်ရှိန်၏ စတိုင်ပန်ဘောင်းဘီကို ဒူးအထက်ထိ ဆွဲလှန်ပစ်သည်။ ခြေသလုံးသားမှာ ရှိနေသည့် အနက်ရောင်မြွေဟာ ရစ်ပတ်နှောင်ခွေသော ဟန်ပန်နှင့် မိမိကို ပါးပျဉ်းထောင်ပြနေသည်။ ခန့်ဦးရှိန် တောက် ပြင်းပြင်းခေါက်လိုက်မိသည်။
"ငါမင်းကို ဘာပြောထားလဲ ဂိုးခန့်ဆက်ရှိန်"
"ခန့်ရယ်၊ သူ့သူငယ်ချင်းက အုပ်စုလိုက် ထိုးတော့ သူလဲ လိုက်ထိုးချင်မှာပေါ့။ ဘာမှကြီးကြီးမားမားလဲ မဟုတ်ဘဲနဲ့ ရုပ်မဆိုးသွားပါဘူး"
လွန်းအာကာက ဝင်ဖျန်ဖြေသော်လည်း ခန့်ဦးရှိန်၏ အကြည့်ကတော့ ဂိုးဆီမှာသာ ရှိနေသည်။
"ငါမင်းကို မေးနေတယ်"
ဂိုးက မျက်နှာကို ငုံ့ချ၍ လေသံ ခပ်တိုးတိုးနှင့် ပြောသည်။
"တက်တူးမထိုးရဘူးလို့ ပြောထားတယ်"
"အေး အဲ့ဒါဆို မင်းဘာလို့ ထိုးလဲ။ မင်းအဘိုးကို ဘယ်လိုမျက်နှာပြမယ်စဉ်းစားထားလဲ"
ESTÁS LEYENDO
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)